Friday, August 30, 2013

ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မယ် အပိုင်း ( ၅ )

ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မယ် အပိုင်း ( ၅ )

{ ဇာတ်သိမ်းပိုင်း }

ရေးသားသူ - နတ်သား

Elf တွေနှင့် စစ်ကူလာသည့် အဖွဲ့တွေ ပေါင်းစည်းသွားသည့်တိုင် အခုထက်ထိ ယမရာဇာ ဘက်တော်သားတွေကို မနိုင်သေးပေ။ Minotaur တွေသည် ရဲတိုက်ထဲထိ ဆုတ်ခွာသွားပြီး တံခါးမကြီးကို ပိတ်ပြီး ကြံ့ကြံ့ခံ ခုခံထားသည်။ သုဝဏတို့ အခုထက်ထိ ရဲတိုက်တံခါးကို မဖွင့်နိုင်သေးပေ။ ဖွင့်ဖို့ ကြိုးစားသူတိုင်းသည် တံတိုင်းထက်မှ Orc တွေပစ်ချသော ကျောက်တုံးကြီးများ၊ Minotaur တွေသွန်ချသော ချော်ရည်ပူများကြား၌ အသက်ပျောက်ကုန်သည်။

“ ဘယ်လိုလုပ်ကြမလဲ တပ်မှုးကြီး … ”

သုဝဏ သူ့ဘေးနားတွင် ရှိနေသူ ဒဿသိင်္ခစစ်တပ်ကို ဦးဆောင်လာသူ တပ်မှုးကြီးကို မေးသည်။ တိုက်ပွဲအတွေ့အကြုံများသည့် တပ်မှုးကြီး ဖြစ်သည့်တိုင် မြင့်မားလှသည့် ရဲတိုက်တံတိုင်းနှင့် ထူထဲလှသည့် တံခါးမကြီးကို ကြည့်ပြီး တပ်မှုးကြီး အကြံမရ။ ဒီတံခါးကို မချိုးဖောက်နိုင်လျှင် သူတို့ ယမရာဇာကို အနိုင်တိုက်ဖို့ မလွယ်မှန်းသိသည်။ ဘယ်လိုလုပ်ရပါ့မလဲ။ တံခါးမကြီး၏ ခြေရင်းတွင် ပုံကာရှိနေသည့် စစ်သည်တော်များ၏ အလောင်းတွေကို မြင်တော့ သွေးပွက်ပွက်ဆူသည်။

“ ကျမသွားမယ် … ကျမနဲ့အတူ အသေခံလိုက်မယ့် လူဆယ်ယောက်လောက် လိုချင်တယ် .. ”

“ ဆရာမ .. ”

“ နော်ဝတီ … ”

သူမကို ဝိုင်းကြည့်နေကြသည့် လူအားလုံးကို နော်ဝတီက ဆုံးဖြတ်ချက်ချပြီးသွားသည့်ဟန်နှင့် လက်ပြတားသည်။ တဆက်ထဲ လက်ထဲမှာ ရှိနေသော အထုပ်ကို ကိုင်မြှောက်ပြလိုက်သည်။ သီဟ ထားခဲ့သည့် ယမ်းတောင့်တွေ။ နော်ဝတီ၏ မျက်နှာအရိပ်အကဲနှင့် အမူအယာကို ကြည့်ပြီး တားမရတော့ဆိုတာ အားလုံး နားလည်လိုက်သည်။ ဘာရယ်ကြောင့်မှန်း မသိ။ စီစီဟန် ရင်ထဲ ထိုခန၌ နင့်ခနဲ ဖြစ်လာပြီး နော်ဝတီကို ကြည့်နေသည့် မျက်လုံးတွေတွင် မျက်ရည်များ ဝိုင်းလာသည်။ ငူငူကြီးရပ်နေရာမှ နှုတ်ခမ်းတို့က တစ်စုံတစ်ခုကို ပြောချင်ဟန်နှင့် တလှုပ်လှုပ်ဖြစ်သည်။ နော်ဝတီ သူမကို နှုတ်ဆက်သည့်အကြည့်နှင့် လှမ်းကြည့်သည့်အခါတွင်တော့ စီစီဟန် ထိန်းမထားနိုင်တော့ပါ။ နှလုံးသည်းပွတ်ကို ဖြတ်သန်း၍လာသော အသံနှင့် သူမကို အားရပါးရခေါ်လိုက်သည်။

“ အမေ !!!  ”

“ စီစီ … သမီး .. ဘယ်လိုခေါ်လိုက်တယ် … ”

“ အမေလို့ခေါ်တာ .. အမေ ..  အမေရယ်  … သမီးမိုက်ကို ခွင့်လွှတ်ပါ .. ”

တစ်ဦးနှင့်တစ်ဦး လက်ချင်းဆုပ်ကာ ကိုင်ထားကြသည့် နော်ဝတီနှင့် စီစီဟန်ကိုကြည့်ပြီး အားလုံးက အနည်းငယ်ရှဲပေးလိုက်ကြသည်။ နော်ဝတီက စီစီဟန်ကို သူမရင်ခွင်ထဲဆွဲသွင်းပြီး ဆံနွယ်လေးတွေကို အသာပွတ်သပ်ပေးသည်။ မွေးစားအမေ၏ ပုခုံးကို မျက်နှာအပ်ထားရင်း စီစီဟန် တဟင့်ဟင့်နှင့် ရှိုက်ငိုသည်။ ဘဝတလျှောက်လုံး ထီမထင်၊ ကိုယ်စိတ်ထင်ရာလုပ်ခဲ့သည့် စီစီဟန်တစ်ယောက် တကယ်တမ်း နော်ဝတီက သူမကိုထားသွားတော့မည်ဆိုတော့ မခံစားနိုင်ပါ။ သူမကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ကျွေးမွေးခဲ့သည့် မေတ္တာတရားကို ပြန်လည်မြင်ယောင်လာသည်။

“ စီစီ .. သမီး .. အမေသွားတော့မယ် … လိမ်လိမ်မာမာနေခဲ့နော် … ”

စီစီဟန်ကို ရင်ခွင်ထဲမှ နော်ဝတီတွန်းထုတ်လိုက်သည်။ သူတို့နှစ်ဦး ဘေးနားတွင် စိတ်မကောင်းသည့်မျက်နှာနှင့် ရပ်နေသော သုဝဏဘက်သို့ လှည့်သည်။

“ ဆရာမ .. ကျနော်လိုက်ခဲ့မယ် … ”

“ မလိုက်ရဘူး သုဝဏ .. စီစီကို စောင့်ရှောက်ဖို့အတွက် မင်းကို ငါလိုအပ်တယ် .. ”

နော်ဝတီက ပြောပြောဆိုဆို သုဝဏနှင့် စီစီဟန်၏ လက်တစ်ဖက်ခြင်းဆီကို ဆွဲကာ ထပ်ပေးလိုက်သည်။ နှုတ်ကမူ ..

“ စီစီ .. သမီးတို့နှစ်ဦး ချစ်ချစ်ခင်ခင်နဲ့ တစ်ဦးကိုတစ်ဦး သည်းခံပြီး နေခဲ့ကြတော့ … ”

ပြောစရာစကားဆုံးသွားသည့်နှယ် နော်ဝတီ စီစီဟန်လက်ကို ဖြုတ်လိုက်ပြီး ဆတ်ခနဲ လှည့်ထွက်သည်။ စီစီဟန်က “အမေ“ဟု သံရှည်ဆွဲကာ ခေါ်သည့်တိုင် နောက်ပြန်လှည့်မကြည့်တော့ပါ။ ပြေးလိုက်သွားမလို ဖြစ်နေသည့် စီစီဟန်ကို သုဝဏ ဖမ်းဆွဲထားရသည်။ သူ့စိတ်ထဲမှာလဲ မကောင်း။ သို့ပေမယ့် ဒီနည်းကလွဲလို့ တခြားနည်းလမ်းလဲ မရှိချေ။ မြားကာဒိုင်းတွေကို ခေါင်းပေါ်တွင်မြှောက်ထားပြီး ရှေ့သို့ တဟုန်ထိုးပြေးတက်သွားသည့် စစ်သည်ဆယ်ယောက်အဖွဲ့ကိုသာ နှုတ်ဆက်အကြည့်နှင့် ကြည့်နေမိသည်။ စနစ်တကျတန်းစီပြီး နော်ဝတီကို အကာအကွယ်ပေးထားသည့်အတွက် အသေခံအဖွဲ့ ဖရိုဖရဲဖြစ်ကာ အသက်ပျောက်သွားသည့်တိုင် နော်ဝတီ တံခါးမကြီးနားသို့ ရောက်သွားသည်။ လက်ထဲကိုင်ထားသည့် ယမ်းတောင့်တွေကို တံခါးမကြီး အောက်ခြေသို့ မြန်မြန်ထိုးထည့်သည်။ ပြီးသည်နှင့် နှုတ်မှ မန္တာန်တစ်ခု ရွတ်သည်။ သူမ မန္တာန်မဆုံးခင်မှာပင် တံတိုင်းထက်မှ ချော်ရည်ပူတွေ အောက်ကိုစီးကျသည်။ “အမေ“ ဟု အသံကုန်ဟစ်ကာ အော်လိုက်သည့် စီစီဟန်၏ အသံကိုသာ နော်ဝတီ နောက်ဆုံးကြားလိုက်ရသည်။ ထို့နောက်တွင်တော့ …

“ ဂီး ”

ခနဲ အသံကြောင့် သုဝဏခေါင်းမော့ကြည့်သည်။ အဖြူရောင်အဆင်းရှိသော ကလျာဏီဆိုသည့်နဂါးမ၏ ကျောပေါ်တွင် မိန်းကလေးတစ်ယောက် စီးလာသည်ကို တွေ့သည်။ ကလျာဏီ မြေပြင်ကိုရှပ်၍ ပျံသွားစဉ် လင်းသဒ္ဒါ အလိုက်သင့်ခုန်ချသည်။ သုဝဏနှင့် စီစီဟန်နားသို့ အံကိုက်ရောက်လာသည်။ စီစီဟန်ကိုတွေ့၍ နှုတ်ဆက်မည် ပြုစဉ်မှာ ရဲတိုက်ရှိရာဘက်မှ နားကွဲမတတ် ပေါက်ကွဲသံကို ကြားရသည်။ တဝုန်းဝုန်း မြည်သော အသံများ၏ အဆုံး၌ ရဲတိုက်တံခါးမကြီးနေရာသည် ပြိုကျပျက်စီးသွားသည်ကို တွေ့ရသည်။

“ အားလုံး တက် !!! … ”

ဒဿသိင်္ခတပ်မှုးကြီး၏ အမိန့်သံအဆုံး၌ စစ်သည်တော်အုပ်ကြီးသည် ရဲတိုက်ဆီသို့ ဦးတည်ပြေးသည်။ သုဝဏ၊ စီစီဟန်နှင့် လင်းသဒ္ဒါတို့ကတော့ ရှေ့ဆုံးကပင်။

တဝုန်းဝုန်းပေါက်ကွဲမှုများ၏ အကျိုးဆက်ဖြင့် မျှော်စင်ထက်ရှိ ဝရံတာသည် တစ်ခြမ်းစောင်းသည်။ ယမရာဇာနှင့် သီဟ တစ်ယောက်လက်နက်ကိုတစ်ယောက် အပြိုင်တွန်းထားရင်းမှ ကိုယ်ဟန်ပျက်သည်။ ထိုသို့ သီဟကိုယ်ဟန်ပျက်သွားသည်ကို အခွင့်ကောင်းယူ၍ ယမရာဇာက ဖြတ်ခနဲ ကိုယ်ဖျောက်သည်။ သူ့ကိုယ်က သီဟနောက်ကျောဘက်တွင် ပေါ်လာပြီး ညာလက်ရှိ လက်နက်ချွန်နှင့် ထိုးစိုက်သည်။ “အား“ ခနဲ သီဟ အော်ပြီး ကျောကော့တတ်သည်။ ယမရာဇာက ခြေထောက်နှင့် ဘုန်းခနဲဆက်ကန်သည်။ သီဟ ဝရံတာထက်မှ လွင့်စင်ကျသည်။ အသိစိတ်၏ လှုံဆော်မှုဖြင့် လက်တစ်ဖက်ဖြင့် မှီရာကို လှမ်းဖမ်းသည်။ ဝရံတာ ကျောက်ပြားစွန်းကို ဆွဲမိသည်။

“ သီဟ … သီဟ … ငါ့အကြံကိုဖျက်တဲ့ကောင် … သေစမ်းကွာ .. ”

ယမရာဇာ ကြောက်စရာအသံကျယ်ကြီးဖြင့် ကြိမ်းမောင်းပြီး သီဟလက်ကို နင်းချသည်။ သီဟ ဆွဲထားသည့် ဘယ်လက်ကိုလွှတ်၍၊ ညာလက်ဖြင့် ပြောင်းဖမ်းသည်။ ယမရာဇာ ဒေါသထွက်လာပြီး ညာလက်ကို ဆတ်ခနဲ နင်းချပြန်သည်။ ဒီတစ်ခါတော့ သီဟ မရှောင်နိုင်။ လက်ချောင်းလေးတွေ ကျိုးကြေမတတ်ခံစားလိုက်ရပြီး လက်ကိုလွှတ်လိုက်ရသည်။ “အား“ ခနဲ အော်မိသည်။ သူ့ကိုယ်သည် မျှော်စင်ထက်မှ ခြေလွတ်လက်လွတ်ပြုတ်ကျသည်။ မျှော်စင်အောက်ခြေသို့ ခဲတစ်လုံးပစ်ချသလို တဟုန်ထိုးကျသည်။ ဒီတစ်ခါတော့ သေပြီဟု တွက်လိုက်စဉ်မှာပင် သူ့ကိုယ်ကို နူးညံ့သည့်အရာတစ်ခုက ဘုတ်ခနဲ ဝင်ဆောင့်သည်။

“ မကလျာ .. ”

“ ဘယ်လိုလဲ သူရဲကောင်းလေး .. ရှင့်အသက်ကို ကျမကယ်တာ ဒါပါနဲ့ဆို နှစ်ခါရှိပြီနော် .. ခစ် .. ခစ် … ”

“ ဟုတ်ပါ့ မကလျာ ရယ် .. ဒါပေမယ့် ကျနော် နောင်ဘဝမှပဲ အကြွေးဆပ်နိုင်မှာနော် .. ဟား .. ဟား .. ”

“ ရတယ် .. အရေးမကြီးဘူး … လောလောဆယ်တော့ ဟိုလူယုတ်မာကို အကြွေးဆပ်လိုက်ရအောင် .. ရော့ .. ဒီမှာ .. ”

ကလျာဏီ သူမခြေသည်းနှင့် ကုတ်လာသည့် အရာကို လေထဲမြှောက်၍ ပေးသည်။ တခြားမဟုတ်။ ဝရံတာထက်မှ လွင့်စဉ်ကျသွားသည့် ရိုင်ဖယ်။ သီဟ ရိုင်ဖယ်ကို ချက်ချင်းမောင်းတင်လိုက်သည်။

ဝရံတာထက်မှ ငုံ့ကြည့်နေသည့် ယမရာဇာ ဒါကိုမြင်သည်။ ဘာရယ်ကြောင့်မှန်း မသိ။ သူ့စိတ်ထဲတွင် သီဟကို ကြောက်ရွံ့သလိုဖြစ်လာသည်။ အထပ်ထပ်အခါခါ ဒီလူသားကို လုပ်ကြံသည့်တိုင် သီဟဆိုသည့်ကောင်သည် မသေနိုင်။ သူ .. သူ .. prophecy လာ သူရဲကောင်းဆိုတာ ဟုတ်များ ဟုတ်နေမလား။ ယမရာဇာ ဘဝတွင် ပထမဦးဆုံးအဖြစ် ကြောက်ရွံ့တုန်လှုပ်သလို ဖြစ်လာပြီး နောက်လှည့်ပြေးသည်။ ပြေးနေရင်းမှလဲ စူးရှသည့် လေချွန်သံတစ်ခုကို ပြုသည်။

“ မကလျာ .. မမရဲ့အချစ်တုံးကြီး ထွက်လာပြီ … ”

“ တွေ့ကြသေးတာပေါ့ … သီဟ .. နဂါးတွေရဲ့အားနည်းချက်ဆိုတာ မှတ်မိသေးတယ် ဟုတ် … ”

“ မှတ်မိတာပေါ့ .. မမသာ ကျနော့်ကို ပစ်လို့ရအောင် ဖန်တီးပေး .. ”

“ စိတ်ချ …. လက်သာမနှေးနဲ့ .. ”

မျှော်စင်ညီနောင်၏ ကြားတွင် တစ်ခုနှင့်တစ်ခုကိုဆက်ထားသော ကြိုးတံတားရှိသည်။ ယမရာဇာတစ်ယောက် ထိုတံတားပေါ်၌ ရှိနေသည်။ ပြေးနေရင်းနှင့် အောက်ဘက်ကို ငုံ့ကြည့်မိသည်တွင် သူ့ဘက်သားတွေ အခြေအနေမကောင်းဆိုတာကို တွေ့သည်။ Minotaurs တွေနှင့် Orc တွေ ဘယ်လောက်အားကြီးသည်ဆိုဆို၊ အင်အားနှစ်ခု ပေါင်းစည်းမိသွားသည့် elf တွေနှင့် စစ်သည်တော်တွေကို မတွန်းလှန်နိုင်။ တစတစ အကျအဆုံးများပြီး နောက်ဆုတ်ပေးနေရသည်။ ယမရာဇာ ဒေါသထွက်လိုက်သည့်ဖြစ်ချင်း၊ တောက်လျှောက်ကြံစည်လာခဲ့သည့် ရေရှည်စီမံကိန်းသည် ဘာမဟုတ်သည့် “သီဟ“ဆိုသည့် ကောင်နှင့်ကျမှ ပျက်ရသည်လို့။ သူထိုသို့တွေးနေစဉ်မှာပင် အနားသို့ ဒက္ခပျံဝဲပြီး ရောက်လာသည်။

“ ဒက္ခ .. ငါတို့တွေ အခြေအနေ မကောင်းဘူး … ”

“ လောလောဆယ်တော့ တစ်နေရာကို လစ်ပြေးရင်ကောင်းမယ် သခင် .. နောက်ပြီး … ”

“ နောက်ပြီး .. ဘာဖြစ်လဲ .. ”

ဒက္ခဖြေစရာမလိုတော့ပါ။ မျှော်စင်ညီနောင်၏ မြောက်ဘက်ခြမ်းတွင် ရှိနေသော သစ်တောအုပ်ထဲမှ စူးရှသောအော်သံတစ်ခုကိုကြားသည်။ “အူဝူး“ ဟု အော်လိုက်သော အသံသည် လွဲမှားစရာမရှိ။ နောက်ပြီး ထိုအသံများသည် တစ်သံဆုံးသွားသည်နှင့် နောက်အသံက ထပ်ထွက်သည်။ အရေအတွက် မနည်းလှဆိုတာ တစ်တောလုံးညံနေသောအသံနှင့်ပင် သိသာလှသည်။ ယမရာဇာ မျက်လုံးပြူးကျယ်စွာနှင့် ကြည့်မိစဉ်မှာပင် သစ်တောအုပ်ထဲမှ မဲမဲအကောင်များ လျှင်မြန်စွာ ပြေးထွက်လာသည်ကိုတွေ့ရသည်။ သမန်းဝံပုလွေတွေ … 

“ ဒါ … ဒါ … ”

ယမရာဇာ ကြားသလို၊ ထိုအသံများကို လင်းသဒ္ဒါလဲ ကြားပါသည်။ ရင်ဆိုင်နေသည့် ကျွဲတစ်ကောင်ကို အပြတ်ရှင်းလိုက်ပြီးနောက်၊ သူမခေါင်းကိုမော့၍ အော်သည်။ လင်းသဒ္ဒါ၏ ဆွဲဆွဲမြည့်မြည့်အော်လိုက်သည့်အသံက တံတိုင်းအပြင်ဘက်သို့ပင်ရောက်သည်။ ထွက်ပေါ်လာသည့် ဝံပုလွေတွေသည် ချက်ချင်းပင် သူမအသံထွက်လာရာ ရဲတိုက်ပေါက်သို့ ဦးတည်ကာ ပြေးလာကြသည်။ ကျန်ရှိနေသေးသည့် ယမရာဇာဘက်တော်သားတွေသည် စိတ်ဓါတ်အကြီးအကျယ်ကျကုန်သည်။ အခြေအနေက သူတို့အတွက် အနှုတ်ဘက်တွင် ၁၀၀လောက်တောင်ပြနေသည်။ ဒီတစ်ချီတွင်တော့ ယမရာဇာ အချီကြီး ရှုံးချေပြီ။

ဒက္ခကျောပေါ်သို့ ရောက်သွားသည့် ယမရာဇာကို သီဟ မြင်သည်။ ကလျာဏီကို လက်ကုတ်၍ အချက်ပေးလိုက်သည်တွင် သူမက တောင်ပံနှစ်ဖက်ကို ဖြန့်၍ တဟုန်ထိုးဆင်းသည်။ ယမရာဇာကို ဒီလောက်နှင့်တော့ မရ။ နောက်စေ့တွင် မျက်လုံးအပိုပါသည့်အလား ထင်ရသည်။ ဒက္ခကို လှမ်းအော်လိုက်သည်တွင် ဒက္ခက ရုတ်ချည်း အပေါ်ကို ထိုးတက်သည်။ ကလျာဏီကအောက်၊ ဒက္ခက အပေါ်စီးက ဖြစ်သွားသည်။ သီဟ နောက်ပြန်လှည့်ပြီး ရိုင်ဖယ်နှင့်ပစ်မည် ပြုစဉ်မှာပင် ဒက္ခခံတွင်းမှ မီးလျှံများ မှုတ်ထုတ်သည်။

“ ကိုင်ထား .. သီဟ .. ”

ကလျာဏီ ညာဘက်သို့ ချိုးကွေ့သည်။ အရှိန်ကမြန်လွန်းသည့်အပြင် လေထဲထုမှာမို့ သီဟ ဟန်ချက်ပျက်သည်။ ကျောကုန်းပေါ်မှ ချော်ကျသည်။ လက်တစ်ဖက်နှင့် ကလျာဏီကို ဖက်ထားရင်း တွဲလောင်းဖြစ်နေသည်။ ဒက္ခက ထပ်ချပ်မကွာ လိုက်လာပြီး မီးလျှံတွေကို မှုတ်ထုတ်သည်။ သီဟ ကလျာဏီ ကျောကုန်းပေါ်သို့ ပြန်တက်ဖို့ မဖြစ်နိုင်တော့။ မိုက်မိုက်ကန်းကန်း စွန့်စားမှုတစ်ခုကို သီဟ ပြုလုပ်သည်။ ကလျာဏီကို ဖက်တွယ်ထားရာမှ လက်ကိုလွှတ်သည်။

“ သီဟ !!! .. ”

လေထဲကို စက္ကန့်ပိုင်းမျှ ရောက်သွားသည့်အချိန်တွင် သီဟ ရိုင်ဖယ်ကို ဒက္ခ၏ မေးအောက်တည့်တည့်သို့ သေချာချိန်သည်။ ထို့နောက်တွင်တော့ ရိုင်ဖယ်ဆီမှ ကျည်ဆံတန်းများသည် သီဟ ကျဆင်းနေမှုနှင့် ဆန့်ကျင်ဘက်၊ အပေါ်ဘက်ဆီသို့ ထောင်ကာတက်သည်။ ပစ်မှတ်ကို တိတိကျကျထိသွားကြောင်းကို ဒက္ခ၏ အသံနက်ကြီးနှင့် အော်သံက သက်သေခံနေသည်။

ယမရာဇာနှင့် ဒက္ခ ဝရုန်းသုန်းကားနှင့် လုံးထွေးကာ ပြုတ်ကျသည်။ သူတို့နည်းတူ သီဟလဲ မြေပြင်သို့ ထိုးကျသည်။ ကောင်းကင်ထက်မှ နဂါးနှစ်ကောင်၊ လူနှစ်ယောက်၏ တိုက်ပွဲကို မြင်သည်နှင့် မြေပြင်က လူတွေသည် ဆက်လက်မတိုက်ခိုက်နိုင်တော့ပဲ မော့ကြည့်နေကြသည်။ သီဟ ပြုတ်ကျလာသည်ကို မြင်တော့ လင်းသဒ္ဒါ အလန့်တကြား “ကို“ ဆိုပြီး အော်သည်။ သီဟ မြေပြင်နှင့် ထိဖို့ ပေတစ်ရာလောက်သာ ကျန်တော့သည်။ နောက်နားမှ ဂျက်လေယာဉ်တစ်စင်း ဦးဆိုက်ဆင်းသလို ထိုးဆင်းလာသည့် ကလျာဏီ သူမ၏ ခြေသည်းတွေကို ဆန့်ထုတ်သည်။ သေရေးရှင်ရေးမို့ တခြား ဘာကိုမှ ဂရုမစိုက်နိုင်။ သီဟ၏ ပေါင်တစ်ဖက်ကို ကုတ်မိသည်။ သီဟ တစ်ယောက် “အား“ခနဲ အော်လိုက်သည်ကို ကြားပေမယ့် သူမ မလွှတ်နိုင်အား။ တောင်ပံနှစ်ဖက်ကို အကျယ်ဆုံးဖြစ်သွားအောင် ဖြန့်ကားပြီး တဖျတ်ဖျတ်ခတ်သည်။ ရဲတိုက်ရှေ့က မြေကွက်လပ်သည် ဖုန်းတထောင်းထောင်းထသည်။ သီဟခေါင်းနှင့်မြေပြင်က ရိုက်မိမလို လက်မတင်လေးမှာပင် သူ့ကိုယ်က အပေါ်ဘက် ပြန်ကြွသွားသည်။ ကလျာဏီ ဖူးခနဲ လေပူတစ်ချက်ကို မှုတ်ထုတ်ပြီး သီဟကို လွှတ်ချပေးသည်။

ကလျာဏီ ကုတ်ဆွဲထားသည့်နေရာကနာနေပေမယ့် သီဟ ဒါကို ဂရုမစိုက်အား။ သူနှင့်အပြိုင် ဝုန်းခနဲ ပြုတ်ကျလာသည့် ယမရာဇာဆီသို့ ထော့နဲ့ထော့နဲ့နှင့် ပြေးသွားသည်။ ယမရာဇာသည် အသက်မဲ့နေသည့် ဒက္ခ၏ ကိုယ်ကို ကျားကန်ထောက်ထားရင်း ကုန်းရုန်းထနေသည်။ သီဟ ပြေးလာသည်ကိုမြင်သည်တွင် ညာလက်ရှိ သူ့လက်နက်ကို မြှောက်သည်။ သီဟ “ကျား“ခနဲ အော်ပြီး ယမရာဇာ၏ လက်ကို ခြေထောက်နှင့်နင်းသည်။ ရိုင်ဖယ်သေနတ်ပြောင်းဝကို ယမရာဇာခေါင်းတည့်တည့်ကို ချိန်လိုက်ပြီး အပေါ်စီးက ဆက်တိုက်ပစ်သည်။ အဆက်မပြတ်ထွက်လာသည့် ကျည်ဆံများတွင် ယမရာဇာ တွန့်လိမ်ပြီး ပုံစံအမျိုးမျိုးပြောင်းသည်။ သတ္တဝါတစ်ကောင် သေခါနီးတွင် မချိမဆန့်အော်သည့် အသံမျိုးဖြင့်ညည်းသည်။ ကျည်ကပ်တစ်ကပ်လုံး ကုန်အောင်ပစ်ပြီးသည်တွင် သီဟ သေနတ်ကို ဘေးသို့ ပစ်ချသည်။ ဘယ်ညာလက်နှစ်ဖက်စလုံးက သူ့ခါးပတ်ဆီရောက်သည်။ လက်ထဲပါလာသည့် လက်ပစ်ဗုံးနှစ်လုံးကို ပါးစပ်အကျယ်ကြီးဟ၍ အော်ညည်းနေသူ ယမရာဇာ အာခံတွင်းထဲ ပစ်ထည့်သည်။ ဖြောင်းခနဲ လည်မျိုကို တစ်ချက်ရိုက်ထည့်သည်။ လက်ပစ်ဗုံး နှစ်လုံးစလုံး ယမရာဇာ ဝမ်းဗိုက်ထဲရောက်သွားသည်။ ထို့နောက်တွင်တော့ …

ယမရာဇာ၏ ဝမ်းဗိုက်နေရာတွင် အနီရောင်မီးဝိုင်းကြီး ဖြစ်ပေါ်သည်ကိုမြင်နေရသည်။ ထိုမီးဝိုင်းက တစတစ တကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး စက္ကန့်ပိုင်းအတွင်း သူ့အသားတွေသည် ပက်ကြားအက်တွေဖြစ်ကုန်သည်။ ယမရာဇာတစ်ယောက် သွေးပျက်ဖွယ်ကောင်းသည့်အသံနှင့် ထိတ်လန့်တကြားအော်သည်။ သို့သော် ထိုအသံက ဝေးဝေးလံလံ မရောက်လိုက်ပါ။ တကိုယ်လုံးပေါက်ကွဲထွက်ပြီး ဝါးမျိုသွားသည့် မီးတောက်များအောက်တွင် ပျောက်ကွယ်သွားသည်။ ယမရာဇာ ဒီတစ်ခါတော့ ဗီဇာမလိုပဲ ငရဲကို ပြန်သွားရချေပြီ။

“ ကို … ”

“ သဒ္ဒါ … ”

အောင်ပြီ ..အောင်ပြီဆိုသော ကြွေးကြော်သံများကြားမှ လင်းသဒ္ဒါ၏ အသံကို သီဟ ခွဲခြားပြီးကြားသည်။ သူ့ဆီကို ပြေးလာနေသည့် ချစ်သူဝံပုလွေမလေးကိုမြင်တော့ ခြေထောက်နာနေသည့်တိုင် သီဟ ရပ်စောင့်မနေနိုင်။ ထော့နဲ့ထော့နဲ့နှင့်ပင် ပြေးသွားသည်။ လမ်းခလုတ် ဆုံမိကြသည်တွင် လင်းသဒ္ဒါကို ခါးမှမြှောက်ချီပြီး ပွေ့သည်။ လင်းသဒ္ဒါက သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့်ညှပ်ပြီး အငမ်းရငုံ့နမ်းသည်။ သေမင်းနိုင်ငံကို လက်တစ်လုံးခြားရောက်မလို ဖြစ်ပြီးမှ လွတ်မြောက်လာရသည်မို့ အနမ်းကရှည်ကြာလွန်းလှသည်။

သီဟကို ချီးကျူးနှုတ်ဆက်ဖို့ လာနေကြသည့် သုဝဏတို့လူစုသည် ထိုအဖြစ်ကို မြင်တော့ ပြုံးကာကြည့်နေကြသည်။ ချစ်သူနှစ်ဦး တစ်ဦးနှင့်တစ်ဦး အငမ်းမရနမ်းနေကြသည်ကို မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်နေသူတစ်ဦးတော့ အားလုံးထဲတွင် ထူးခြားစွာရှိနေသည်။ မကျေနပ်လို့ မဟုတ်။ မျက်နှာပူလို့ဟု ပြောရမည်။ ထိုသူကား တခြားမဟုတ် … သမန်းဝံပုလွေကြီး ဦးသိဒ္ဓိသာ ဖြစ်တော့လေသည်။

......................................................................

အသစ်တဖန် ပြန်လည်တည်ဆောက်ထားသော ဝံပုလွေရွာ …

ဝံပုလွေရွာ၏ အလယ်တွင် ရှိနေသော အသစ်ဆောက်ပြီးခါစ သစ်သားအိမ်လေးတစ်လုံး …

“ ကို .. မပြီးသေးဘူးလား … ”

အိမ်ထဲမှ လှမ်းအော်သည့် လင်းသဒ္ဒါ၏ ခေါ်သံကြောင့် သီဟ အမိုးသစ်ပြားကို ဆို့နှင့်ရိုက်နေရာမှ ခနနားသည်။ အမိုးတစ်ချပ်လိုနေသေးသဖြင့် လစ်ဟာနေသေးသည့် အပေါက်မှ အထဲသို့ ပြန်အော်ပြောသည်။

“  တစ်ချပ်ပဲ ကျန်တော့တယ် .. သဒ္ဒါ .. ဒါပြီးရင် ဆင်းလာခဲ့မယ် … ”

“ အင်း … အင်း … မြန်မြန်လုပ် .. ဒီမှာ ဟင်းကျက်တော့မယ် … ”

မိန်းမဖြစ်သူ၏ ပြန်အော်ပြောသံကိုကြားတော့ သီဟပြုံးသည်။ ဒီမိန်းမ ဘာတွေထွင်ပြီး ချက်ထားပြန်ပြီလဲ မသိ။ မျှော်စင်ညီနောင်တွင် ယမရာဇာကို သုတ်သင်ပြီးနောက် သီဟတို့ သုဝဏတို့အဖွဲ့နှင့် လမ်းခွဲခဲ့ကြသည်။ elfတွေကရော။ စစ်ကူရောက်လာသူ ဒဿသိင်္ခပြည်မှ တပ်မှုးကြီးကပါ သူတို့တိုင်းပြည်ကို လိုက်လည်ဖို့ ဖိတ်ခေါ်ခဲ့သည့်တိုင် သီဟ လက်မခံခဲ့။ သူ့ကို သူရဲကောင်းတစ်ဦးအဖြစ် အားလုံးက ဆက်ဆံနေကြသည့်တိုင် သူက ဒီဘဝကို လိုချင်သည်မဟုတ်။ မသေမကွဲပဲ ချစ်ရသူ လင်းသဒ္ဒါနှင့် ပြန်ဆုံစည်းခဲ့သည်မို့ အကြောင်းဆက်ပေါင်းဖက်ဖို့သာ လိုလားသည်။ ဝံပုလွေကြီး ဦးသိဒ္ဓိကလဲ ဒါကိုရိပ်မိပါသည်။ သူတို့အဖို့ကလဲ တစ်လောကလုံး၏ ဘုံရန်သူ ယမရာဇာကို နှိမ်နှင်းပေးခဲ့သည့် သီဟကို လက်မခံထားချင်စရာ ဘာအကြောင်းမှ မရှိ။ ဝံပုလွေရွာသို့ လိုက်ခဲ့ရန် ကျေကျေနပ်နပ် ဖိတ်ခေါ်ခဲ့ကြသည်။ ဝံပုလွေရွာသို့ ရောက်ရှိပြီး နောက်သုံးရက်အကြာ၌ သီဟနှင့် လင်းသဒ္ဒါ၏ မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပပေးခဲ့သည်။ သတို့သမီးဘက်က အုပ်ထိန်းသူက ဦးသိဒ္ဓိဖြစ်ပြီး၊ သတို့သားဘက်မှ ကြီးကြပ်သူကတော့ ကလျာဏီဖြစ်သည်။ သို့သော် ကလျာဏီက ကြာကြာမနေပါ။ မင်္ဂလာပွဲပြီးဆုံးသည်နှင့် သူမ၏ ဗိမာန် ဦးခေါင်းပုံတောင်သို့ ပျံသွားခဲ့သည်။ သီဟ အနည်းငယ် စိတ်မကောင်းသလို ဖြစ်မိပေမယ့် ဒါကပင် သူတို့အားလုံးအတွက် အကောင်းဆုံးလမ်းစမို့ ဘာစကားမှ မဆိုခဲ့ပေ။

အဝိုင်းပေါက်လေးထွင်းထားသည့် အမိုးပြားဒေါင့်ကို နောက်ဆုံးကျန်နေသည့်ဆို့နှင့် ရိုက်သွင်းလိုက်သည်။ လင်းသဒ္ဒါ၏ ပြောပြချက်အရ သိပ်မကြာခင် မိုးကျတော့မည်ဆိုသည့်အတွက် သီဟ ကြိုးစားပြီး ခေါင်မိုးတက်မိုးနေတာဖြစ်သည်။ ခိုင်သည်မခိုင်သည်သိအောင် လက်နှင့်ပြန်ဆွဲမကြည့်ပြီး စိတ်ချရမှ သီဟ ခေါင်မိုးပေါ်မှ ပြန်ဆင်းလာခဲ့သည်။ လင်းသဒ္ဒါပြောတာ ဟုတ်သည်။ အလုပ်ပြီးသွားလို့ စိတ်အေးလက်အေး ဖြစ်သွားတော့ ဗိုက်ကဆာလာသည်။ ခြေထောက်နှင့် မြေပြင် မထိခင်မှာပင် မီးဖိုခန်းထဲမှ ပျံ့လွင့်လာသော ဟင်းနံ့ကြောင့် သီဟ တံတွေးတောင် မျိုချရသည်။ ဟ … ငါ့မိန်းမ တစ်ရက်၊ နှစ်ရက်အတွင်း အဆင့်မြင့်လာပါလား။ ကြည့်ရတာ မသူဇာ ဘယ်လိုနည်းကောင်းတွေ ပို့ချပေးလိုက်သည်မသိ။

သီဟ အသံမကြားအောင် ခြေကိုဖွဖွလေးနင်းပြီး နောက်ဘေးတံခါးပေါက်မှ လှည့်ဝင်လာခဲ့သည်။ မီးဖိုချောင်ထဲတွင် လင်းသဒ္ဒါကို အဆင်သင့်တွေ့သည်။ သူ့ကိုကျောပေးပြီး အငွေ့တထောင်းထောင်းထနေသော ဟင်းချိုအိုးကို ယောင်းမနှင့် မွှေနေသည်။ သီဟ လင်းသဒ္ဒါကို စချင်စိတ်နှင့် ခါးကျင်ကျင်လေးကို လက်ချောင်းလေးနှင့် ထိုးမလိုလုပ်သည်။ သူ့စိတ်ထဲတွင် လင်းသဒ္ဒါက ဝံပုလွေမလေးဆိုတာ အမှတ်တမဲ့မေ့သွားလို့ ဖြစ်သည်။ လင်းသဒ္ဒါ သီဟ အိမ်ထဲဝင်လာကတည်းက သူ့အနံ့ကို ရနေခဲ့သည်သာ …။

“ ကိုနော် .. ကလိလာမထိုးနဲ့ .. ဟင်းရည်ပူနဲ့ ပက်ထည့်လိုက်မယ် .. တကယ်တဲ .. လူကို တွေ့ရင် စဖို့ပဲ စဉ်းစားနေတယ် .. ”

“ သဒ္ဒါကလဲ .. ဟဲ .. ဟဲ .. ”

သီဟ အရှက်ပြေရယ်ရင်း လင်းသဒ္ဒါ၏ ခါးလေးကို ပွေ့ဖက်သည်။ အကျင့်ပါနေသည့် လက်က ဝမ်းပြင်သားရှပ်ရှပ်လေးကနေ အပေါ်ဘက်ကို မသိမသာ ရွေ့သွားသည်။

“ ဘယ်လိုတွေ ဖြစ်နေတာလဲ .. ဒီမှာ ဟင်းချက်နေတာ မမြင်ဘူးလား … ”

“ မြင်ပါတယ် ကွာ .. မြင်လို့လဲ ဒီလိုဖြစ်လာတာပေါ့ .. ကိုယ့်မိန်းမက ဘယ်အချိန်ပဲကြည့်ကြည့် လှနေတာကိုး .. ”

“ ဟွန်း  .. အပိုတွေ .. သွား … သွား … ရေသွားချိုးချည့် … မြန်မြန်လဲလုပ်ဦး .. သဒ္ဒါ ဗိုက်ဆာနေတယ် … ”

“ အို .. အိုကေ .. သွားပြီ … ငါးမိနစ်ထက် ပိုမကြာစေရဘူး … ”

“ အယ် .. ”

တကယ်လဲ ငါးမိနစ်ထက် ပိုမကြာလိုက်ပါ။ လင်းသဒ္ဒါ ထမင်းပွဲ၊ ဟင်းပွဲတွေ ပြင်နေစဉ်မှာပင် သီဟ ရေချိုးခန်းထဲမှ ပြန်ထွက်လာသည်။

“ ရေလဲ စင်အောင်သုတ်ဦးနော် .. အင်္ကျ ီချွတ်ကြီးနဲ့လဲ မနေနဲ့ … ”

“ အေးပါ .. မိန်းမရယ် … မနေပါဘူး .. ဒီမှာ ဗိုက်ဆာလို့ပါ .. ”

ပြောင်စပ်စပ်ပြောသည့် သီဟ စကားကြောင့် လင်းသဒ္ဒါ 

“ ဟွန်း  ”

ဆိုပြီး မျက်စောင်းတစ်ချက်ထိုးသည်။ ဘာမှတော့ ထပ်မပြော။ ထမင်းပွဲတွင် ဝင်ထိုင်လိုက်ပြီဖြစ်သည့် သီဟရှေ့သို့ ထမင်းပန်းကန်ကို လှမ်းပေးသည်။

“ ဘာတွေ ချက်ထားတာလဲ မိန်းမရ .. ဟင်းတွေက များလှချည့်လား .. ”

“ ဒါက အမဲသားခြောက်ဖုတ်လေ .. ဒီဟာက ယုန်သားဟင်းချို .. ဟိုဘက်ကတော့ သမင်သားကို ငရုပ်သီးစပ်စပ်နဲ့ ချက်ထားတာ … ”

“ ဝိုး .. မိုက်တာပဲ … သီဟတို့တော့ ဗိုက်တင်းအောင် စားလိုက်ဦးမယ် … ”

သီဟ တကယ်စားနိုင်သည်။ လင်းသဒ္ဒါ ထမင်းတစ်ပန်းကန် မကုန်သေး။ သူက နောက်တစ်ပန်းကန်ထပ်ထည့်ဖို့ ပြင်နေသည်။ သီဟ စားနေသည်ကို မြင်ပြီး လင်းသဒ္ဒါ သူမအဖေကို သတိရသည်။ ဦးသိဒ္ဓိလဲ သီဟလို စားနိုင်သည်။ အခုတော့ သူမအဖေသည် ဝံပုလွေရွာတွင် မနေတော့။ လင်းသဒ္ဒါကို သမန်းဝံပုလွေတွေ၏ ခေါင်းဆောင်အဖြစ်လွှဲအပ်ပြီးကတည်းက တစ်ယောက်ထဲ တောထဲ၌ ကျင်လည်ကျက်စားချင်သည်ဆိုပြီး ထွက်သွားခဲ့သည်။ အဖေဖြစ်သူ၏ ဆန္ဒမို့ လင်းသဒ္ဒါ မတားမြစ်ခဲ့ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြန်လည်ဆုံစည်းဖို့သာ တောင့်တနေမိသည်။

“ သဒ္ဒါ .. ဘာတွေတွေးနေတာလဲ .. ထမင်းစားတာလဲ နဲလိုက်တာ .. ”

“ အော် .. ဘာမှ မဟုတ်ပါဘူး .. ထမင်းစားတာကတော့ ဗိုက်ဝသွားပြီ … ”

“ ကို … ထားခဲ့လိုက်လေ .. သဒ္ဒါ ဆေးလိုက်မယ် .. ”

သီဟ ထမင်းပန်းကန်ကိုယူပြီး စားပွဲမှထဖို့ပြင်တော့ လင်းသဒ္ဒါက လက်ထဲမှဆွဲယူသွားသည်။ စားပွဲထောင့်တွင် တင်ထားသည့် လက်သုတ်ပုဝါခေါက်ကိုသာ သီဟ ယူလိုက်ပြီး ပါးစပ်သုတ်သည်။ မျက်စိက အလိုလိုနေရင်း ပန်းကန်စင်တွေ ရေဆေးနေသည့် လင်းသဒ္ဒါနောက်ကျောဆီသို့ ရောက်သွားသည်။ အိမ်နေရင်းမို့ လင်းသဒ္ဒါ ချည်သားဂါဝန်တိုလေးနှင့်ဖြစ်သည်။ တင်ပါးအိအိလေးတွေက ဂါဝန်သားပျော့ပျော့လေးတွေနှင့် ကပ်ကာရှိနေသည်။ အဲဒီအောက်မှာ သွယ်လျသည့် ပေါင်တံတွေက ဖြောင့်စင်းစွာရှိနေပြန်သည်။ ဒါကိုမြင်တော့ သီဟ စိတ်ထဲ တစ်မျိုးဖြစ်လာသည်။ အစာဝပြီဆိုတော့ သူ့မှာ တခြားလိုလားတောင့်တမှုတွေ ရှိလာပြီ ..

“ ကို .. ဒီမှာ ပန်းကန်ဆေးနေတယ်လေ ကွာ …  ”

“ ပန်းကန်နောက်မှ ဆေး .. အဲဒါ ဘယ်အချိန်လုပ်လုပ် ရတယ် .. ”

ပြောပြောဆိုဆို သီဟ လင်းသဒ္ဒါ ဝတ်ထားသည့် ဂါဝန်လေးကို ဆွဲလှန်လိုက်တော့ ဖြူဝင်းနေသည့် တင်ပါးကြီးကို တန်းတွေ့သည်။ အိမ်နေရင်းဆိုပြီး အောက်ခံဝတ်မထား။ သူ့အတွက် အဆင်ပြေဖို့ ဖြစ်သွားသည်။ ဝတ်ထားသည့် ဘောင်းဘီ၏ ရှုံ့ကြိုးကိုဖြေလိုက်ပြီး အောက်သို့တွန်းချသည်။ လင်းသဒ္ဒါကို နောက်ကရှိုးနေစဉ်ကတည်းက ထောင်မတ်နေပြီဖြစ်သည့် လိင်တံက လွတ်လွတ်လပ်လပ်ဖြစ်သွားသည်။

“ တကယ်ပဲ .. ကိုကတော့ ကွာ … ”

“ ထမင်းစားပြီး တစ်လေကွာ … စာချိုးနဲ့ညီအောင်ပါ .. ”

“ အဲဒါ ဘာပြောတာလဲ … ”

“ နောက်မှ ရှင်းပြမယ် .. သဒ္ဒါ .. ”

သီဟ အပြောကို ခနထားပြီး အလုပ်ကို ရှေ့တန်းတင်လိုက်သည်။ မိတ်ဖက်ဖြစ်နေပြီမို့ လိင်တံက အဖုတ်ဖောင်းဖောင်းလေးထဲ တန်းဝင်သည်။ လင်းသဒ္ဒါက ပန်းကန်ဆေးစင်ကို လက်ပြန်ထောက်ပြီး ကော့ပေးထားသည်။ သီဟ သေးကျဉ်လှသည့် ခါးလေးကို လက်နှစ်ဖက်နှင့် ညှစ်ထားပြီး စတင်ဆောင့်သည်။ စခါစတုန်းကတော့ လင်းသဒ္ဒါအထဲတွင် နွေးတွေးတွေး ခြောက်တောက်တောက် ဖြစ်နေသေးသည်။ သို့သော်။ ဒါကခနပင်။ အဝင်အထွက်များလားတော့ သူမ စိတ်ပါလာပြီး အရည်လိုက်လာသည်။ နှုတ်မှ တအင်အင်နှင့် ညည်းလာသည်။

“ ကို .. သဒ္ဒါ .. ကို့ကို ကြည့်ချင်တယ် .. ”

လင်းသဒ္ဒါ တောင်းဆိုမှုကြောင့် လိင်တံကို မချွတ်ချင်ချွတ်ချင်နှင့် သီဟ ပြန်နှုတ်ရသည်။ လင်းသဒ္ဒါက ဆတ်ခနဲကိုယ်ကိုလှည့်သည်။ သူမဝတ်ထားသည့် အင်္ကျ ီကိုလဲ အောက်ခြေနားက ကိုင်ပြီး လက်မြှောက်ချွတ်သည်။ ဖြူဝင်းနေသည့် နို့နှစ်လုံးက သီဟ မြင်ကွင်းထဲရောက်လာသည်။ ရင်နှစ်မွှာ၏ အလည်တည့်တည့်တွင် ထုံးစံအတိုင်း ပန်းရောင်လည်ဆွဲက အရောင်တောက်နေသည်။ သီဟ ကြာရှည်မကြည့်နိုင်အား။ လင်းသဒ္ဒါက သူ့လည်ပင်းကို ဆွဲပြီး ဖက်လိုက်သောကြောင့် အလိုက်သင့်သူမကို ပွေ့မသည်။ ပန်းကန်စင်ပေါ်တင်ပေးလိုက်ပြီးနောက် လိင်တံကို နေရာဟောင်းသို့ ပြန်ပို့သည်။ လင်းသဒ္ဒါက  သူ့ပါးပြင်ကို နမ်းရင်း မြန်မြန်လုပ်ပေးဖို့ အငမ်းမရတောင်းဆိုသည်။ သီဟ ဆောင့်ချက်တွေကို မြှင့်သည်။ လိင်တံတလျှောက် ကျင်ဆိမ့်တက်လာသည့် အရသာကို သိပ်မကြာခင်ပင် ခံစားလာရသည်။ သူပြီးတော့မည်ဆိုတာ သိသဖြင့် လင်းသဒ္ဒါ၏ ကျောကို တင်းတင်းဖက်ရင်း အားကုန်ဆောင့်သည်။ နောက်ထပ်ဆက်ချက် မပြည့်ခင်မှာပင် လိင်တံက အစွမ်းကုန်တင်းမာသွားသည်။ အဆုံးထိရောက်အောင် ထိုးသွင်းထားရင်း သုတ်ရည်တွေကို တစစ်စစ်ပန်းထုတ်သည်။ လင်းသဒ္ဒါကိုယ်တိုင်လဲ သီဟနှင့် တပြိုင်တည်းခရီးဆုံးရောက်သွားသဖြင့် မျက်လုံးမှိတ်ကာ ပါးချင်းအပ်ထားသည်။ အချစ်၏နောက်ဆက်တွဲ အရသာကို နှစ်ဦးသား မြိန်ရေယှက်ရေ စားသုံးနေကြသည်လို့သာ ဆိုချင်ပါတော့သည်။

.............................................................

“ အင် … အင် … အာ … ”

“ ကို .. ကို သီဟ … ”

သူ့နာမည်ကို တကျော်ကျော် ခေါ်နေသည်ဟု ထင်သဖြင့် သီဟ လေးလံသည့် မျက်လုံးတွေကို ကြိုးစားကာ ဖွင့်သည်။ အရင်ဆုံး စမြင်ရသည်က လေးထောင့်ကွက်တွေ ညီညီညာညာ ရှိနေသော မျက်နှာကျက် ဖြူဖြူဖွေးဖွေးတစ်ခု။ သီဟ စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားပြီး ခေါင်းကို ဘယ်ဘက်သို့ စောင်းကြည့်သည်။ အင်္ဂတေအုတ်နံရံအား သင်္ဘောဆေးအစိမ်းဖြင့် ညီညီညာညာ သုတ်ထားသည်ကို တွေ့ရသည်။ မဟုတ်သေး။ သီဟ ညာဘက်သို့ ကမန်းကတမ်း လှည့်ကြည့်သည်တွင် သူ့လက်ကို တစ်စုံတစ်ယောက်က လာကိုင်သည်။

“ ကိုသီဟ .. ခေါင်းကို အရမ်းမခါနဲ့လေ …သတိရကာစမှာ ခေါင်းအရမ်းမလှုပ်ရဘူး .. ”

စကားသံ ဝဲ၀ဲနှင့် လှမ်းသတိပေးနေသည့် ရင်ဖုံးအင်္ကျ ီအဖြူ၊ ထမိန်အနီနှင့် မိန်းကလေးကို ကြည့်ရင်း သီဟ ပါးစပ်အဟောင်းသားဖြစ်သည်။ မိန်းကလေး၏ အဆင်အပြင်ကြောင့်သာမက၊ နှာဝသို့ ရောက်ရှိလာသည့် ဆေးနံ့များကြောင့် သူရောက်နေသည့် နေရာသည် ဘယ်နေရာဆိုတာကို သီဟ နားလည်သည်။

“ ကျ .. ကျနော် … ”

“ စိတ်မပူနဲ့ .. ကိုသီဟ … ရှင် မြစ်ကြီးနားဆေးရုံကို ရောက်နေတာလေ .. ”

“ ဗျာ .. မြစ်ကြီးနားဆေးရုံ .. ”

“ ဟုတ်တယ် … ကျမ သိတာက ရှင့်ကို တောထဲမှာ ဒဏ်ရာတွေနဲ့ လဲနေတာကို ကယ်ဆယ်ရေးအဖွဲ့က တွေ့လာတာတဲ့ … ရှင့်အဖွဲ့တစ်ဖွဲ့လုံးမှာ ကိုသီဟ တစ်ယောက်ပဲ အသက်ရှင် ကျန်ခဲ့တယ် … ”

“ မ ..  မဟုတ်သေးဘူး ထင်တယ် .. ဆရာမ .. ”

“ ဟုတ်ပါတယ် .. ရှင် သတိမေ့နေတာ .. ဒီနေ့ပါနဲ့ဆို ငါးရက်ရှိနေပြီ … ကျမပဲ နေ့တိုင်းစောင့်ပေးခဲ့တာမို့ သိနေတာ .. ”

“ ဗျာ .. ”

သီဟ ဘာပြောရမှန်းမသိတော့။ စကားသံချိုချို၊ မျက်နှာထားချိုချိုနှင့် သူ့ကို ပြုံးကြည့်နေသည့် သူနာပြုဆရာမချောချောလေးကိုသာ ပါးစပ်အဟောင်းသားနှင့် တုံ့ပြန်မိသည်။ သူနာပြုဆရာမလေးက သီဟပုံစံကို ကြည့်ပြီး မေးစရာ မရှိတော့ဘူး ယူဆသွားလို့လား မသိ။ ကုတင်ဘေးက ထိုင်ခုံလေးတွင် ဝင်ထိုင်နေရာမှ ထသည်။ သီဟကို တစ်ချက်ပြုံးပြရင်း …

“ ကိုသီဟ … ခန ပြန်မှိန်းနေလိုက်ဦးနော် .. ကျမ ဆရာဝန်ကြီးဆီ သွားသတင်းပို့လိုက်ဦးမယ် .. ”

သီဟ ဘာမှ မပြောနိုင်အားသေး။ အဖြစ်အပျက်တစ်ခုလုံးသည် ဘယ်လိုမှ ယုံကြည်နိုင်စရာ အကြောင်းမရှိ။ နပ်စ်မလေးက အခန်းပေါက်ဝသို့ လျှောက်သွားသည်။ ခြေနှစ်လှမ်း၊ သုံးလှမ်းလောက် လှမ်းပြီး ဘာကို သတိရသည်မသိ။ သီဟဘက် ပြန်လှည့်ကြည့်သည်။

“ ကိုသီဟ .. ပြောဖို့တစ်ခုမေ့နေလို့ … ကိုသီဟကို တောထဲမှာ တွေ့တုန်းက လက်ထဲမှာ ဆွဲကြိုးတစ်ခု ကိုင်ထားတာ တွေ့တယ်တဲ့ .. ကျမ အဲဒီစားပွဲပေါ်မှာ ဗူးလေးနဲ့ ထည့်သိမ်းပေးထားတယ် …“

သီဟ လည်ဆွဲဆိုသည့် အသံကြားသည်နှင့် ကမန်းကတမ်း နပ်စ်မလေး ညွှန်ပြရာသို့ ကြည့်သည်။ အနီရောင်ဗူးအဝိုင်းလေးတစ်ခုကို တွေ့သည်နှင့် မြန်မြန်ဆန်ဆန်လှမ်းယူပြီး ဖွင့်သည်။ အထဲက ပစ္စည်းကို မြင်သည်နှင့် သူ့မျက်လုံးအစုံသည် ပြူးကျယ်သွားရှာသည်။ ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်အောင် လှုပ်ရှားပြီး ချက်ချင်းပင် အမောဆို့သလို ဖြစ်သည်။  မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်သွားသည့် သီဟ အခြေအနေကိုကြည့်ပြီး နပ်စ်မလေး မျက်နှာပျက်သည်။

“ ကိုသီဟ … စိတ်ထိန်း .. ဘာကိုမှ မတွေးနဲ့ .. ကျမ အခုချက်ချင်း ဆရာဝန်နဲ့ ပြန်လာခဲ့မယ် .. ခနလေး … ”

သီဟ နပ်စ်မလေး ပြောသည်ကို မကြား။ နှုတ်မှ နာမည်တစ်ခုကို ရေရွတ်သည်။

“ လင်းသဒ္ဒါ … ”

“ ရှင် .. ကိုသီဟ ဘာပြောလိုက်တယ် … ”

“ လင်းသဒ္ဒါ … လင်းသဒ္ဒါလေ .. ဘာဖြစ်လု့ိလဲ ဆရာမ .. ”

“ အော် .. ကျမနာမည်နဲ့ ခပ်ဆင်ဆင်တူလို့ပါ .. ကျမနာမည်က လင်းစန္ဒာလေ … ”

သူနာပြုဆရာမလေးက ဒါကိုသာ ပြောပြီး အခန်းအပြင်ဘက်သို့ အလောတကြီး ထွက်သွားသည်။ သူမပြောသလို ဆရာဝန်သွားခေါ်တာဖြစ်မည်။ သီဟ လည်ဆွဲကို ကိုင်ထားရင်း ငိုင်နေသည်။ ခေတ္တခဏမျှ သူ့ဦးနှောက်သည် အလုပ်မလုပ်တော့။ ဘာကိုမှ တွေးမရ။ ငူငူကြီး ဖြစ်ကာနေသည်။ ထိုအခိုက် သူ့နားထဲတွင် တထောက်ထောက်နှင့် အသံတွေကို ကြားလာရသည်။ သီဟ အသံလာရာသို့ ကြည့်မိသည်။ မိုးရွာလာခြင်းဖြစ်သည်။ စေ့ကာထားသည့် မှန်ပြတင်းပေါက်ကို မိုးစက်တွေလာစင်သဖြင့် ထိုနေရာမှ အသံမြည်ခြင်းဖြစ်သည်။ ပြတင်းပေါက်မှန်တလျှောက် စီးကျသွားသည့် မိုးရေစက်တွေကို အဓိပ္ပါယ်မဲ့စွာဖြင့် ငေးကြည့်နေသည်။ ရုတ်တရက် အင်မတန်ရင်းနှီးသည့် မျက်နှာတစ်ခုကို ပြတင်းပေါက်မှန်နောက်တွင် မြင်လိုက်ရသည်။ ရုတ်ချည်း နှလုံးသားတစ်ခုလုံး ရပ်တန့်သွားမလို ဖြစ်ပြီး သီဟ အလုအယက် ထိုပုံရိပ်ကိုလှမ်းခေါ်သည်။ သူ့အသံသည် မြစ်ကြီးနား ဆေးရုံဆောင် တစ်ခုလုံး ပျံ့နှံ့သွားမလားတောင် ထင်ရတော့သည် ….။

သဒ္ဒါ !!!!!!!!!!!!!!

..................................................................

ဤတွင် မြန်မာ့တပ်မတော် ကွန်မန်ဒိုတပ်ရင်းမှ “မောင်သီဟ  ” ၏ ပြန်ပြောပြောဖို့ တော်တော်ခက်နိုင်မည့် သူ၏ အဖြစ်အပျက်အား ကျနော် “နတ်သား“ တတ်သမျှ၊ မှတ်သမျှ ပြန်ပြောင်းပြောပြသည့် ဇာတ်လမ်းရှည်ကြီး ဒီမှာတင် ပြီးဆုံးပါပြီ …။


စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ.. 



........................................💚💛💖💝💙........................................

ပြီးပါပြီ။


Print Friendly and PDF

No comments:

Post a Comment