ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၄)
ဂျင်ကလိ ရေးသည်။
ပြန်တွေးကြည့်လျှင် စပြီးနမ်းခဲ့တာက သိင်္ဂီ ဖြစ်၏။ အရက်ဝင်လျှင် ကိုကို သွေးဆူတတ်မှန်း သိသိနှင့် သွား စ သလိုဖြစ်ခဲ့သည်။ ဧည့်ခံပွဲတူတူ တက်တာလောက်နှင့်မမစိတ်ဆိုးစရာ အကြောင်းမရှိပါ။ စိတ်ကူးတည့် ရာ လျှောက်မောင်း နေရင်း ကော်ဖီဆိုင်လေးတဆိုင် ကိုမြင်လိုက်၍ နောက်ပြန်ဆုတ်ကာ ရပ်လိုက်ပြီး ကော်ဖီ ဝင်သောက်မိသည်။ ကိုကို ဆိုလျှင်တော့ အရက်ဆိုင်သွားမည်လား မသိပေ။ သိင်္ဂီ ကတော့ တယောက်ထဲ အရက်ဆိုင် သွားလို့မဖြစ်ပါ။ ထို့ကြောင့် ကော်ဖီ ဆိုင်မှာပဲ စိတ်ပြေလက်ပျောက် ထိုင်နေမိ၏။ ဆိုင်ထဲမှာ လူငယ်လေးတွေပဲ များသည်။ ထိုထဲမှာမှ စုံတွဲလေးတွေ ကအများစုဖြစ်၏။ သူတို့အားလုံး နီးပါးအထူးသဖြင့် ယောက်ျားလေးတွေက တယောက်ထဲဝင်လာပြီးငူငူငိုင်ငိုင် ထိုင်နေသော မမလှလှ ကို စိတ် ဝင် တစားကြည့်ကြ၏။ သူတို့ချစ်သူ ကောင်မလေးတွေကသိင်္ဂ ီ့လောက် မလှကြပါ။
“လှလိုက်တာနော်”
မနေနိုင်သော ကောင်မလေးတယောက်က ဘေးကကောင်လေးကို အားကျသော လေသံ ဖြင့် ပြောလိုက် သည် ကို သိင်္ဂ ီစိတ်ညစ်နေသည့် ကြားမှ ကြားဖြစ်အောင် ကြားမိသည်။ မမလှလှ ဘယ်လောက်အထိ စိတ် ညစ်နေသည်ကို ဘယ်သူမှသိကြမည် မဟုတ်ပါ။ သိင်္ဂီ ကတော့ သူတို့ကိုပြန်အားကျ နေမိသည်။ ခုလောက် မလှရင်နေပါစေ၊လွတ်လပ်ပျော်ရွှင်ပေါ့ပါး စွာ တဦးကို တဦးချစ်နေခွင့်ရသည့် ဘဝလေးတွေကို အားကျတမ်းတမိသည်။
သိင်္ဂ ီ့ အတွက်ကတော့ အသဲပေါက်အောင် ဘယ်လောက်အထိချစ်ရပါစေ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသည့် ဘဝ၊ တကယ်လို့ အများသူငါ သိကြရင်လည်း လူမှုရေးဖေါက်ပြန်မှု ဖြင့်လက်ညိုးထိုး အပြစ်တင်မည် ကို အမြဲလိုစိုးထိတ်နေရသည့် ဘဝ။ အခုလတ်တလောမှာပင် မမ ၏ ဒေါသကို စိုးထိတ်ပြီး အိမ်မပြန်ရဲသည့် အခြေအနေ ဖြစ်နေသည်။
ကိုကိုသာ လွတ်လတ်သူတယောက်ဖြစ်နေလျှင် ဘယ်လောက်ကောင်း မည်နည်းဟု မဖြစ်နိုင်မှန်း သိသိ နှင့် စိတ်ကူးယဉ်မိ၏။ ဒါမှ မဟုတ် ကိုကိုက တိတ်တခိုးချစ်နေသည့် မြီးကောင်ပေါက်မလေး၏ အချစ်ကို စာနာ ပြီး မမနှင့် လက်မထပ်ဘဲ ထိုကောင်မလေး အရွယ်ရောက်လာသည် အထိ စိတ်ရှည်စွာ စောင့်ပေးခဲ့ လျှင် အရာရာ တိုင်းကအဆင်ပြေနေလောက်ပေပြီ။ ထိုအခိုက်မှာ ဖုန်းမြည်သံကြောင့် သိင်္ဂ ီ့ ကိုယ်လုံးလေး ဆတ်ကနဲ မတ်သွားသည်။
မှန်ပြင်မှာပေါ်နေတာ မမ၏ နံပါတ်ဖြစ်သည်။ စားပွဲပေါ်မှာ ဆက်ကာဆက်ကာ မြည်နေသောဖုန်းကို မြွေ တကောင် လို ငေးကြောင်ကြည့်နေမိသည်။ ကိုင်ဖို့အတွက် လက်မရဲဘဲဖြစ်နေသည်။ ဘေးဝိုင်းတွေကပါ လှမ်းကြည့် လာကြသော အခါ မတတ်သာတော့ဘဲ အသက်ကို ဝအောင်ရှုပြီး ကိုင်လိုက်ရသည်။
“ဟယ်လို”
“သိင်္ဂ ီ၊ နင်ဘယ်မှာလဲ၊ ဘာလုပ်နေလဲ”
“မြို့ထဲမှာမမ၊ ကော်ဖီသောက်နေတယ်”
“ဘယ်သူနဲ့လဲ”
“တယောက်ထဲပါ မမ”
“အလုပ်မရှိဘူး ဆိုလဲ အိမ်ပြန်ခဲ့၊ ငါနင်နဲ့ ပြောစရာ ရှိတယ်”
“ဟုတ်”
စားပွဲပေါ်ဖုန်းပြန်တင်ရင်းသိင်္ဂ ီသက်ပြင်းတခုကို လေးပင်စွာချလိုက်မိသည်။ ရှောင်လွှဲ လို့မရသည့် အခြေအ နေတခု ကို မလွဲမသွေ ရင်ဆိုင်ရပေတော့မည်။
မမစိတ်ဆိုးလျှင် လည်း တောင်းပန်ရတော့မည်။ နောက်ဆုံးတွင် ရန်ကုန်မြေကို စွန့်ပြီး ကိုယ့်အရပ်ကိုယ်ပြန်ခြင်းတခုသာ အဖြေဖြစ်တော့၏။ သိင်္ဂ ီ့ကို ခွင့်မလွှတ်ရင် နေပါစေ။ ကိုကို့ကိုတော့မမခွင့်လွှတ်စေချင်သည်။ ခြံထဲသို့ ကားကိုကွေ့ဝင်လိုက်ရင်း ဒီဖြစ်ရပ်တွေ အား လုံးတွင် သိင်္ဂီ ကသာတရားခံဖြစ်သည်။
ကိုကို အတင်းရှောင်လွှဲသည့်ကြားမှ သိင်္ဂ ီကစပြီးတိုးဝင်ခဲ့တာဖြစ် လို့ ကိုကို့ကိုခွင့် လွှတ်ပေးဖို့ ပြောမည်ဟု ဆုံးဖြတ်ချက်ကျသွား၏။ အိမ်ထဲဝင်လာရင်းလည်း အဝတ်အစားအနည်းငယ် ယူပြီးဒီည အဖို့ရာ ဟော်တယ် တခုခု မှာသွားအိပ်မည်။မနက်ဖြန်ကျမှ မန ္တလေး တက်တော့မည်ဟု အစီအစဉ်ချလိုက်၏။ မသွားခင်ကိုကို့ကိုတော့ မြင်သွားချင် ပါသေးသည်။
“ဒီတခေါက် မှ ညီမလေး ကို သိပ်ချစ်နေတယ်ဟေ့၊ ရောက်ကထဲကဘယ်အချိန်ပြန်ရောက်မှာလဲ မေးနေတာ၊ ဖုန်းဆက်ပါ ဆိုတော့ မဆက်ဘူး”
အိမ်ထဲဝင်ဝင်ချင်း ဒေါ်ဒေါ်ကြည်က ဆီးပြော၏။
“အခုန ဆက်တယ်”
ဒီလောက်ပဲပြောပြီး သိင်္ဂီ အပေါ်ထပ်ကိုတက်လာခဲ့သည်။ လာတုန်းကတော့ အဝတ်အစားလဲ ဖို့ပင်၊ အခန်း ထဲရောက်မှ စိတ်ကူးပြောင်းပြီး မလဲတော့ဘဲ လက်ဆွဲ အိတ်သေးတလုံးကို ထုတ်၍ အဝတ်သုံးလေးစုံ နှင့် လို မည်ထင်တာလေးတွေ ထည့်လိုက်သည်။ ဘီရိုထဲက ပိုက်ဆံတွေလည်း ထုတ်ပြီးအိတ်ထဲ ထည့်ထားလိုက်၏။
ကျန်တဲ့အဝတ်အစားများ ကိုတော့ နောက်မှတနည်းနည်း နှင့် ပြန်ယူတော့မည်။ အခန်းထဲက ပြန်ထွက်လာပြီး လှေခါးအဆင်းတွင် ဖူးဖူးနှင့် တိုး၏။
“မေမေ နဲ့တွေ့ပြီးပြီလား”
“ဟင့်အင်း၊ ခုမှသွားမလို့”
ဖူးဖူးက သိင်္ဂ ီ့လက်ကိုတွဲရင်းလိုက်လာသည်။
“မေမေရေ တီတီ ရောက်ပြီ”
မြူးကြွသွက်လက်စွာပြောရင်း ဖူးဖူးက အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်၏။ အိပ်ယာပေါ်မှာ လှဲအိပ်နေသောမမ ထထိုင်လိုက်သည်။ ဆံပင်တွေ ဖရိုဖရဲ နှင့် မမမျက်နှာက ကြောက်စရာ အသွင်ကို ဆောင်နေသည်။ သွေး မရှိသလိုဖြူဖျော့နေပြီး မျက်ကွင်းတွေက နိမ့်ဝင်ညိုမဲနေ၏။ အဝတ်အစားကလည်း မသပ်မရပ် နှင့်။
“နင်က ဘာလိုက်လုပ်တာလဲ၊ သွားအခုအပြင်ထွက်စမ်း”
ဒေါသတကြီးနှင့် ဖူးဖူးကိုမောင်း ထုတ်နေသော မမကိုကြည့်ရင်း သိင်္ဂ ီ့ဒူးတွေ မခိုင်ဘဲ ညွှတ်ကျတော့မတတ် ဖြစ်သွားသည်။ ဖူးဖူးကို မမ မသိစေချင် မကြားစေချင်သော ကိစ္စဟူသည်မှာ အဖေလုပ်သူနှင့် အဒေါ်ဖြစ်သူတို့၏ လူကြားမကောင်းသည့် ဖောက်ပြန်မှု ကိစ္စမှ အပ အခြားမရှိနိုင်တော့ပါ။ ကျောရိုးထဲမှာ စိမ့်ပြီးအေးသွား ပြီးနောက် စိုးရိမ်ထိတ်လန့်စွာဖြင့် မမကိုသိင်္ဂ ီကြည့်လိုက်မိသည်။
................
“ထိုင်ဦး၊ ငါဘယ်ကစပြောရမှန်းတောင် မသိဘူး”
ဖူးဖူး ထွက်သွား ပြီး တံခါးပိတ်သွားသည် နှင့် ပြောလိုက်သည့် မမအသံက ခါးသီးအေးစက်နေသည်။ ကု တင်ပေါ်မှာထိုင်နေသော မမနှင့် မျက်နှာချင်းဆိုင်မှာရှိသည့်ဖူးဖူး၏ စာရေးစားပွဲကခုံယူပြီး သိင်္ဂီ ဝင် ထိုင် လိုက်သည်။
“မထိုင် နဲ့ဦး တံခါးဖွင့်ပြီး အပြင်ကိုကြည့်စမ်း ကောင်မလေး ချောင်းနားထောင်နေဦးမယ်”
“အခန်းတွေက လုံပါတယ် မမ”
“လျှာမရှည် နဲ့ ၊ ငါကကြည့်ဆို ကြည့်လိုက်”
လေးလံသော ခြေလှမ်းတွေ နှင့် သိင်္ဂ ီထကြည့်ရသည်။ ဖူးဖူးရှိမနေပါ။
“ဘယ်သူမှ မရှိဘူးမမ”
“အေး ပြီးရော”
အခန်းထဲမှာ ငြိမ်သက်သွားပြန်သည်။ လေအေးစက်၏ မြည်သံသဲ့သဲ့မှအပ အခန်းထဲမှာ တိတ်ဆိတ်ခြင်းက လွှမ်းမိုးထား၏။ မိနစ်အနည်းငယ်ကြာသည်အထိဒီအတိုင်း ဖြစ်နေသော အခါ သိင်္ဂီ သည်းမခံနိုင်တော့။ လာ မည့်ဘေး ပြေးတွေ့ချင်စိတ်တွေ တဖွားဖွားဖြစ်လာပြီး
“မမ ဘာပြောချင်လို့လဲ”
တော်တော် နှင့် အဖြေမရဘဲ မမ နှုတ်ဆိတ်နေ၏။ သိင်္ဂီ မရွံ့ မရဲနှင့် အမလုပ်သူကို အကဲခတ်နေမိသည်။ ခါတိုင်း တရားစခန်း ကပြန်လာသည့် နေ့တွင် ယောဂီ ဝတ်ဖြင့် သာနေတတ်သော်လည်း ဒီနေ့တော့ ပါတိတ် ဝမ်းဆက်ဝတ်ထားသည်။ ဝတ်ထားသည်မှာလည်းမသေမသပ်နှင့် မမကိုကြည့်ရသည်မှာလုံး၀ သက်တောင့် သက်သာမရှိပါ။
“နင့် ကိုကို အောင် က လူစိတ်လုံးဝမရှိဘူး၊ ဒါနဲ့များ သူ့ကိုယ်သူ လူကြီးလူကောင်းထင်နေသေးတယ်”
သိင်္ဂ ီလက်တွေတုန်လာသည်။ အပြစ်ဟူသမျှ ကိုကို့အပေါ် ပုံချသည့် မမ၏မှတ်ချက်ကို သဘောမတူနိုင်ပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှသာမြည်ရိုးမှန်လျှင် သိင်္ဂ ီ့မှာလည်း အပြစ်မကင်းလို့ ဆိုနိုင်သည်။ ကိုကို နောက် ဆုတ်ရှောင်ဖယ်ချိန်မှာ သိင်္ဂ ီကလက်မခံခဲ့ပေ။ ထို့ကြောင့် ကိုကို့မှာသာ အပြစ်ရှိသည်ဟု လုံးလုံးလျားလျား မဆိုနိုင်ပေ။
သိင်္ဂ ီ့ကို ခွင့်လွှတ်ဖို့ အတွက်တော့ မမခြသလုံးကိုဖက်ပြီးတောင်းပန်ရမည် ဆိုလည်းတောင်း ပန် ပါမည် ကိုကို့မှာသာတာဝန်ရှိသည်ဟု တော့လက်ခံပေးလို့မရပါ။
“ဒါကတော့ …ဒါကတော့ မမရယ်၊ လက်ခုပ်ဆိုတာ ….”
စကားတောင်ဆုံးအောင်မပြောလိုက်ရ ပါ။ အိပ်ယာပေါ်က ခေါင်းအုံးတလုံးက သိင်္ဂ ီ့ဆီလွင့်လာ၏။
“ဘာနှစ်ဖက်တီးရမှာလဲ၊ ငါကပါ ကမြင်းကျောထပြီး နန့်ချင်နေတယ် ထင်လို့လား”
ကြောက်ရွံ့စိတ်ဖြင့် သိင်္ဂ ီ တုန်ရီနေ၏။ မမကိုပြောပြမည် တောင်းပန်မည်ဟု ကြိုတွေးထားသည့် စကားလုံး တွေ အကုန်လုံးပျောက်ကွယ်ကုန်သည်။
“ဘာ …ဘာ ..ဖြစ်လို့လဲ မမ”
“ခု ငါ့မှာ ကိုယ်ဝန်ရှိနေပြီ။ ဘယ်လောက်ရှက်ဖို့ကောင်းလဲ၊ နင်ဘာမှမသိဘဲ နင့်ခဲအိုဖက်က ကူမပြောပါနဲ့”
သိင်္ဂ ီအံ့သြသွားသည်။ နောက်တော့ဝမ်းသာသွား၏။ သိင်္ဂီ စိုးရိမ်ထိတ်လန့်ခဲ့ရသည့် မမ၏ ဒေါသတွေသည် သိင်္ဂ ီ နှင့် ကိုကို ပတ်သက်မှုနှင့် လုံးဝမသက်ဆိုင်သည့်အတွက်ဝမ်းသာရသည်။ စိတ်လက်ပေါ့ပါးစွာ ဖြင့်ပြုံး ရွှင်သွားသော သိင်္ဂ ီ့မျက်နှာလေးကြောင့် မမသူဇာပိုပြီး ဒေါဖေါင်းသွားသည်။
“ငါဒီလောက် စိတ်ညစ်နေရတာ ကိုနင်ရယ်နိုင်သေးလားသိင်္ဂ ီ၊ တော်တော် ဝမ်းသာနေလား”
သိင်္ဂ ီ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သွားပါပြီ။
“သားသမီး ဆိုတာ ရတနာပဲ မမရယ်၊ သိင်္ဂ ီလည်း တူလေးဖြစ်ဖြစ်၊ တူမလေးဖြစ်ဖြစ်ထပ်ရတော့မှာ ဆိုတော့ ပျော်တာပေါ့”
“ငါတရားစခန်းမှာ ဘယ်လောက်စိတ်ညစ်ခဲ့ရတယ် နင်သိလား၊ တရားနဲ့ နေတဲ့သူတယောက်က၊ ရာသက်ပန် ယောဂီဘဝနဲ့နေပါတော့မယ် ဆိုတဲ့သူတယောက်က ဗိုက်ကြီးတယ်ဆိုတာ ဘယ်လောက်ရှက်ဖို့ကောင်းလဲ”
“သေချာလို့လား မမရယ်”
“ငါကလေး မမွေးဖူးတာမှ မဟုတ်တာ၊ သေချာအောင် မန ္တလေးမှာဝင်စစ်ခဲ့ပြီးပြီ”
“ဒါဆို မမဘာလုပ်ချင်လဲ၊ ဒီကလေးကို မလိုချင်ဘူးလား”
“နင်က ဘာလုပ်မလို့လဲ”
“ရှင်းပေးနိုင်မယ့် သူလေးဘာလေးရှာရမှာပေါ့”
“သိင်္ဂ ီ နင်က ငါ့ကို တော်တော်ငရဲကျစေချင်နေတယ်လား၊ ငါဒီလို လုပ်ပါ့မလား ဟဲ့”
“မလိုချင်တာတော့ အမှန်ပဲမဟုတ်လား”
“မလိုချင်လည်း မွေးရတော့မှာပေါ့၊ လူတကာမေးငေါ့ရင်လဲ ငေါ့ကြပါစေတော့”
ကိုကို့ကို စိတ်ဆိုးနေသော်လည်း မမ မှာ မိခင်မေတ္တာတော့ မပျောက်ကွယ်သေးဆိုတာ သိင်္ဂီ နားလည် လိုက်သည်။ ကိုကို ကလည်းကိုကို ပင်။ သိင်္ဂီ စကာၤပူရောက်နေတုန်းကကိုကို ကြမ်းလိုက်သည့် ကိစ္စ၏ နောက်ဆက်တွဲ ဖြစ်လိမ့် မည်။ သိင်္ဂ ီ့မှာတော့ ကိုကို့အတွက်ကလေးတယောက်မွေးပေးချင်လွန်းသော်လည်း မသင့်တော်လို့ ဂရုတစိုက်တားဆီး ကာကွယ်နေရသည်။ မလိုချင်သည့် မမကျတော့လည်း တခါထဲနှင့် ကိုယ်ဝန်ရလိုက်၏။ကံတရားသည် ဆန်းကျယ်လှသလို မျက်နှာလည်း လိုက်သည်ဟု သိင်္ဂီ ထင်မိသည်။
“ဒီလောက်လဲ စိတ်ညစ်မနေပါနဲ့ မမရယ်၊ လူဆိုတာချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်ပါ၊ သိင်္ဂ ီ့ ဗိုက်ထဲ ပြောင်း ထည့်လို့ရရင် ပိုက်ဆံဘယ်လောက်ကုန်ကုန် ပြောင်းထည့်ပြီး
သိင်္ဂ ီမွေးပေးပါတယ်”
သိင်္ဂ ီတကယ်စိတ်ရင်း နှင့်ပြောခြင်း ဖြစ်သော်လည်း စိတ်မကြည်သည့် မမက သူမအတွေးနှင့် သူမဒေါကန်သွားပြီး
“နင်က ငါ့ကို အပြစ်တင်နေတာလား”
“မဟုတ်ပါဘူး၊ မမ က အရမ်းစိတ်ညစ်ပြီးဝန်လေး နေလို့ပြောတာပါ၊ ကလေး နဲ့ မမတို့ချင်းကိစ္စ ဘာမှ မဆိုင်ဘူး”
“မဆိုင်မှန်းတော့ ငါသိတာပေါ့၊ ဒါပေမယ့် နင်ကလေးမွေးဖူးလို့လား၊ ကိုယ်ဝန်ကြီးနဲ့ ကိုးလဆယ်လ ဒုက္ခ ခံ ဖူးလို့လား၊ ငါမကျေနပ်တာက ဒီအရွယ်ကြီးရောက်မှ ဂြိုလ်ကြွချင်တဲ့ သူ့အဖေကို၊ ဘယ့်နှယ့်တော် ကိုယ့် အသက်အရွယ်မှ အားမနာ၊ ငါမပြောလိုက်ချင်ဘူး”
ကိုကိုသည် လူငယ် တယောက်နှင့်မခြား သန်မာပြီးအားအင်တွေရှိကြောင်း မမ မသိပါ။ နွားပျိုသန်လှ နွား အို ပေါင်ကျိုး ဆိုသလိုပင် ကိုကို စိတ်သန်နေချိန်တွင်သူ့ထက်များစွာငယ်သည့် သိင်္ဂီ ပင်ခြေကုန်လက်ပန်းကျ ရသည့်အကြောင်း သိင်္ဂ ီစိတ်ထဲကကြိတ်တွေးနေမိ၏။
“မမက တားပေါ့”
“တားတာပဲ၊ လူမှန်းမသိအောင်မူးရူးပြီး ဘီလူးစီးနေတဲ့ လူကို ငါဘယ်လိုတားမလဲ၊ ကိုယ့်ဟာကိုယ် အေးအေး မနေဘဲ ပြန်လာမိတာကိုက ငါမှားတာ”
“ဖြစ်လာမှတော့ ဘယ်တတ်နိုင်တော့မလဲ မမရယ်၊ အိမ်က လူတွေကို ပြောပြီးပြီလား၊ ကိုကိုအောင့် ကိုရော”
“မပြောချင်ပါဘူး၊ ဒီလောက်ရှက်စရာကောင်းတာကို”
“ပြောမှ ဖြစ်မယ်ထင်တယ်၊ မမဗိုက်က ပူလာတော့မှာလေ၊ ထင်တော့ထင်သား မမ ဝနေတယ်လို့”
“ညည်း ဟာညည်းပဲ ပြောလိုက်တော့အေ၊ ငါတော့ ဒီအခန်းထဲကတောင် မထွက်ချင်တော့ဘူး”
“အင်း …အင်း … သိင်္ဂ ီရောက်ရောက်ချင်း မမဆီတန်းလာတာ၊ အင်္ကျ ီတောင်မလဲရသေးဘူး၊ သွားလိုက်ဦး မယ်၊ ပြီးရင်ပြန်လာခဲ့မယ် သိလား၊ အရမ်းလဲ စိတ်ညစ်မနေနဲ့ စိတ်ကို လျှော့ပါမမရယ်၊ တရားလေး မှတ်ပြီးစိတ်ကိုဖြေပေါ့”
နှုတ်က ဘာမှမပြောသော်လည်း မမ၏မျက်စောင်းက ကြောက်မက်ဖွယ်ရာပင်။ သိင်္ဂီ ဇက်ကလေးကို ပုပြီး အခန်းထဲက ပြန်ထွက်လာခဲ့သည်။ စိတ်ထဲထင်၍ ထမင်းစားခန်းထဲအရင်ဝင်လိုက်ရာ လေသံတိုးတိုးဖြင့် ထင်မြင်ချက်ပေး ဆွေးနွေးနေကြသော ဖူးဖူး နှင့် ဒေါ်ဒေါ်ကြည်ကို တွေ့သည်။ သိင်္ဂ ီ့ကို မြင်တော့ သိချင် စိတ် ဖြင့် နှစ်ယောက်လုံးအနားကပ်လာကြ၏။ အကျိုးအကြောင်း သိင်္ဂီ က ရှင်းပြလိုက်ရာ ဒေါ်ဒေါ်ကြည် အံ့သြ စိတ်နှင့် ပါးစပ်ကြီးပြဲ သွားသော်လည်း ဖူးဖူးက ဝမ်းသာ အားရထခုန်သည်။
“ဟေး ပျော်လိုက်တာ”
“ဒီကလေး နှယ်၊ ခက်ပါဘိ၊ ဒီအရွယ်မှ ကိုယ်ဝန်ရှိတော့ သူဇာ ရှက်မှာပေါ့၊ အင်းလေ ..သူမှ သွေးမဆုံးသေး တာ၊ ဒါနဲ့ ဆရာသိပြီးပြီလား၊ ဆရာကတော့ ဝမ်းသာမှာပါ”
“ကိုကိုအောင် မသိသေးဘူး”
“မေမေ က ရုပ်ရှင်တွေထဲကလို နားနားကပ်ပြီးပြောမလို့နဲ့တူတယ်၊ ဒါမှမဟုတ် သမီးပြောလိုက်ရမလား တီတီ”
“သမီးပြောမှ သမီး အဖေကရှက်နေဦးမယ်”
“အာ …တီတီ ကလဲ ဒါရှက်စရာ မှ …ဟီ ဟီ”
ဖူးဖူး မျက်နှာလေးရဲ ပြီး လျှာလေးတစ်လစ်ထုတ်ရင်း ငြိမ်သွားသည်။ ဒေါ်ဒေါ်ကြည် က ဖူးဖူး ဗိုက်ခေါက် ကို အသာဆွဲလိမ်လိုက်၏။
“ကောင်မလေးနော်”
“ဖွားကြည်ကလဲ၊ သမီးဘာပြောလို့လဲ မပြောဘူးနော်၊ ဟေ့ဟေ့ ပျော်လိုက်တာ”
ဖူးဖူး ပျော်နေသလို ဒေါ်ဒေါ်ကြည့် မျက်နှာလည်း ပြုံးနေ၏။ လောကသို့ မရောက်လာသေးသော ကလေး ငယ်တယောက် အတွက် ပျော်နေကြတာကို ကြည့်ရင်း သိင်္ဂ ီ့ရင်ထဲမှာ တမျိုးကြီးခံစားရသည်။ မမ မဟုတ် ဘဲ သိင်္ဂ ီသာဖြစ်ခဲ့လျှင်ဟု တွေးမိသည့်နောက်တွင် စိတ်လက်က မရွှင်ချင်တော့။ ကိုကို့ရင်သွေးကို သိင်္ဂ ီ့ဝမ်းနှင့် လွယ်မွေးခွင့်ရလျှင် ဘယ်လောက်ကောင်းလိမ့်မည်နည်း။ စဉ်းစားရင်း မမကို မနာလိုစိတ်တွေဝင် လာသောကြောင့် ဖူးဖူး တို့နားကခွာပြီး ကိုယ့်အခန်းကိုယ်ပြန်လာခဲ့သည်။ အဝတ်လဲရင်း မှန်ထဲက ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်ရင်း သက်ပြင်းချမိသည်။ ပျိုမျစ်လတ်ဆတ် ကျန်းမာနေဆဲ သိင်္ဂ ီ့ ခန္ဓာကိုယ်က ကလေးတယောက်မကဆယ်ယောက်လောက် ဆက်တိုက်မွေးနိုင်ပါသေးသည်။ ဒါပေမယ့် မွေးဖို့က ကလေး၏ ဖခင်သည် ကိုကို မဟုတ်ဖို့လို၏။ သိင်္ဂ ီ့ ကိုယ်ကို ကိုကို ကလွပြီး တခြားတ ယောက်ကို မပေးချင်သည့် ဘဝတွင် သိင်္ဂ ီ့အတွက်ရင်သွေးဆိုတာ မျှော်လင့်ဖို့ မဖြစ်နိုင်တော့ပေ။သိင်္ဂ ီ အဝတ်လဲနေစဉ် မမဖုန်းလှမ်းဆက်သည်။ တအိမ်ထဲနေသည့် ညီအမချင်း ဖုန်းဆက်ပြောသည့် မမ လုပ်ရပ် ကိုစိတ်မအီမသာ ဖြစ်နေရသည့်ကြားက ပြုံးချင်ချင်ဖြစ်ရ၏။
“သိင်္ဂ ီ”
“ဟုတ်ကဲ့ မမ”
“ငါ အခုမှ စိတ်ကူးတခု ရလာလို့၊ ကျော်မင်း က နေပြည်တော်မှာ မဟုတ်လား”
“ဟုတ်တယ်မမ”
“ဒါဆို နင်မနက်ရုံးရောက်တာနဲ့ ခင်မောင်တင့်ကို ငါ့ဆီလွှတ်လိုက်၊ နင့်ခဲ အိုမသိစေနဲ့၊ အပြင်ကို အကြောင်း တခုခု နဲ့ လွှတ်သလိုလို လုပ်ကြားလား”
“ဟုတ်ကဲ့”
မမ ဘာစိတ်ကူးတွေပေါက်ပြန်ပြီမသိပါ။ ပြီးမှ မေးကြည့်ရတော့မည်။ သိင်္ဂီ နာရီကို လှမ်းကြည့်လိုက်ရာ ငါး နာရီ မထိုးသေး။ ကိုကို ရုံးမှာပဲ ရှိလိမ့် ဦးမည်။ အကျိုးအကြောင်း လှမ်းပြောထားလျှင် ဘယ်မှသဝေမထိုး ဘဲ အိမ်ကို စောစော ပြန်လာမည်ထင်၏။ သိင်္ဂ ီသက်ပြင်းချရင်းကိုကို့ ဖုန်းကိုလှမ်းခေါ် လိုက်သည်။
“ဟယ်လို”
ကိုကို့အသံကိုကြားလိုက်ရသည့်အချိန်တွင် ပြောပြမည့်စကားတွေ ပျောက်သွား၏။ ဘာပြောရမှန်း မသိသလိုဖြစ်ပြီး ငြိမ်နေမိရာ မှ အဆင်အပြေဆုံးဖြစ်မည့် စကားတခွန်းပါးစပ်ကလွှတ်ကနဲထွက်သွားသည်။
“Congratulation ပါ ကိုကို”
....................................
{ လူက ကံကိုပြုပြင်ပြီး ကံက လူကိုစီရင်သည်။
ယမန်နေ့က ပြုခဲ့သောအကျိုးဆက်ကို ယနေ့ခံစားရ၏။ ယနေ့ အကျိုးဆက်သည် မနက်ဖြန်အတွက် အကြောင်းတရားဖြစ်ရာ ကံသည်ပင် ကတ္တားဖြစ်ပြန်သည်။
လူ့ဘ၀ ဆိုသည်မှာ လူကိုယ်တိုင်ရေးသောဝါကျ များသာဖြစ်တော့၏။}
..................................................................
အခန်း (၂၅)
ဦးအောင်ဘညို ပြန်ရောက်လာချိန်တွင် မသူဇာက ဖူးဖူး အခန်းထဲမှာ ရှိနေသည်။ သိင်္ဂ ီ့ဆီက သ တင်း စကားကို ကြားရပြီးနောက် အမျိုးအမည် မသိသည့် ခံစားချက်နှင့် အတူဦးအောင်ဘညို အိမ်ပြန် လာ ခဲ့သည်။ ဧည့်ခန်းထဲမှာ တွေ့ရသည့် ဖိုးသားမျက်နှာ ကစပ်ဖြီးဖြီး ရှိနေသည်။ အနားမှာ ရှိနေသည့် ဦးလေးစိုး က သာအပြင်ခေါ်ထုတ်မသွားလျှင်တခုခု ပြောချင်ပုံရသည်။
“သူဇာက ဖူးဖူး အခန်းမှာဆရာ”
သိင်္ဂ ီပြောပြထားသည်ကို မသိသည့် ဦးလေးစိုးက သတင်းပေး၏။ ဦးအောင်ဘညို ဝင်သွားချိန်တွင် မသူဇာ ကို ဖူးဖူး၊ သိင်္ဂ ီ နှင့် ဒေါ်ဒေါ်ကြည် တို့ခြံရံ ပြီးတွေ့ရသည်။
ဦးအောင်ဘညို ဝင်လာသည်ကို မမြင်သလို ခပ်ထန်ထန် ဟန်ပန်ဖြင့် ထိုင်နေသော မသူဇာကို မြင်ရချိန်တွင် ချွေရံသင်းပင်း တို့အလယ်တွင် စံစားနေသောဧကရီ သခင်မထံသို့ အခစားဝင်လာရသူတယောက်ပမာ ခံစားရပြီး ဦးအောင်ဘညို စိတ်ထဲမှာ အောင့် သက်သက် ဖြစ်ရသော်လည်း စိတ်ကို လျှော့ပြီး နှုတ်ခွန်းဆက်သလိုက်ရသည်။
“သူဇာ နေကောင်းတယ်နော်”
“ကောင်းပါတယ်”
“ဟိုလေ … သိင်္ဂ ီ ပြောတာဟုတ်လား”
“ဟုတ်တယ်လေ၊ ဘာဖြစ်လဲ”
ပြန်ဖြေသည့် လေသံက စိတ်မပါသလို ပေါ့ပျက်ပျက် နှင့် ဦးအောင်ဘညို လည်း ဘာဆက်ပြောရမှန်း မသိ တော့။ အရိပ် အကင်းပါးသည့် သိင်္ဂ ီက ဖူးဖူးကိုလက်ကုပ်လိုက်ပုံရသည်။အမေဘေးမှာ ထိုင်နေရာမှ ဖူးဖူးထလာ၏။
“ဖေဖေ က တခါထဲတန်းလာတာလား၊ လာလာ ဒီမှာထိုင်”
ဦးအောင်ဘညို ကိုဆွဲခေါ်သွားပြီး သူမ ထိုင်ခဲ့သည့် နေရာမှာထိုင်ခိုင်းသည်။ ဒေါ်ဒေါ်ကြည်က မယောင်မ လည်နှင့် အခန်းပြင်ရောက်သွား၏။ သိင်္ဂ ီလည်းထိုင်ရာမှ ထသည်။ ပြောင်ချော်ချော် မျက်နှာပေးဖြင့် ဦး အောင်ဘညို ကို ကြည့်ပြီး ဖူးဖူး ကိုခေါ်ကာ အပြင်ထွက်သွားသည်။ ဦးအောင်ဘညို နှင့် မသူဇာ သာကျန် ခဲ့သည်။ မသူဇာ စိတ်ဆိုးနေကြောင်း သိင်္ဂ ီကြိုပြောထား၍ ဦးအောင်ဘညို အရိပ်အကဲ ကိုကြည့်ပြီး ဘာ ပြောရင်ကောင်း မလဲတွေးနေမိ၏။
“သူဇာ အဆင်ပြေတယ်နော်”
“မပြေဘူး”
“ဟာ သူဇာကလဲ”
“ဟုတ်တယ်လေ၊ ဒီလိုအချိန် မှာသူဇာက ဘာအတွက်အဆင်ပြေပါတယ် ပြောရမလဲ၊ သူဇာ့ အတွက် ဘာ တခု အဆင်ပြေလို့လဲ”
“ဒီလိုလဲ သဘောမထားပါနဲ့ သူဇာရယ်၊ ဘ၀ ဆိုတာ မထင်မှတ်တာတွေ ဖြစ်တတ်တာပဲ၊ နောက်ပြီး ကိုယ် တို့ အိမ်မှာ ကလေး နှစ်ယောက်ကနေ သုံးယောက်ဖြစ်သွားတော့ ဘာဖြစ်သေးလဲ၊ ဆယ်ယောက် ဆိုလဲ ကိုယ်ရှာကျွေးနိုင်တယ်”
“ဒါကတော့ ကိုအောင်ပြောမှလား၊ဒါပေမယ့် သူဇာ ဘယ်လောက်အရှက်တကွဲ ဖြစ်ရတော့မလဲ ကိုအောင် ကိုယ်ချင်းစာကြည့်ပါ”
“သူဇာ ဖေါက်ပြန်လို့ ရတဲ့ ကိုယ်ဝန်မှ မဟုတ်တာ၊ ကိုယ့်ယောက်ျားနဲ့ ရတဲ့ကိုယ်ဝန်ပဲ ဘာရှက်စရာရှိလဲ”
“သူဇာ့ လိုလူ၊ သူဇာ့ လိုအနေအထားနဲ့ ကိုယ်ဝန်ရှိစရာလား၊ တရားနဲ့ နေနေတယ် ဆိုတာလူတွေ အားလုံးသိပြီးသားကို ….အခုတော့ … ဗိုက်တလုံးနဲ့ …သူဇာ အရမ်းရှက်တယ်၊ သိပ်ရှက်တယ်၊ သေပစ်လိုက်ချင် တယ်”
ခရားရေလွှတ်သလိုပြောနေသော မသူဇာကို ဦးအောင်ဘညို ဘာပြောရမှန်း မသိတော့၊ ပြောချင်ရာပြောစေတော့ ဟုသဘောထားပြီးစောင့်ကြည့်နေလိုက်သည်။ စိတ်ထဲရှိတာပြောချလိုက်ရလျှင် မသူဇာ စိတ်ပေါ့ သွားနိုင်သည်။
“သူဇာ့ မှာ လင်စိတ်သားစိတ် မရှိတော့တာ သူဇာ ကိုယ်တိုင်ပဲသိတယ်၊ ဒါပေမယ့် ဘယ်သူက ဒီလိုယုံမှာလဲ၊ပါးစပ်က ဘုရား၊ ဘုရား နဲ့ လက်က ကားယားလုပ်ပြီး အကြောထလို့ဗိုက်ကြီးတယ်ပဲ ထင်ကြမှာ”
“ကိုယ် တောင်း ပန်ပါတယ်”
“ဟန်ဆောင် တောင်းပန်စရာမလိုပါဘူး၊ ကိုအောင်ကျေနပ် နေမှာပေါ့၊ ကိုအောင့်ရဲ့ သောက်ဖေါ်သောက် ဖက် ကြီးမိုက်ကြီးတွေ နဲ့ ခွက်ချင်းတိုက်ပြီး အောင်ပွဲခံရဦးမယ် မဟုတ်လား”
သူ့မိတ်ဆွေကြီးတွေသာ သိရင် ဦးအောင်ဘညိုကို အရှင်ထားကြမည် မဟုတ်တာသေချာ၏။ ဦးအောင်ဘ ညို ၏ အောင်မြင်မှု ကို အကြောင်းပြုပြီး ပွဲကြီးတပွဲ ခံကြလိမ့်ဦးမှာဖြစ်သည်။ သူတို့စိတ်တိုင်းကျ မပြုစု သ ရွေ့ ကျေနပ်ကြလိမ့်မည် မဟုတ်။
“ကိုအောင်တို့ ယောက်ျားတွေပဲ ကောင်းပါတယ်၊ တရားပါတယ်၊ ဟင်း ..ဟင်း … ရှက်စရာ ကို ရှက်စရာ မထင်ဘဲ လူကြားထဲချပြပြီး ဂုဏ်လုပ်ချင်ကြသေးတယ်”
ဒီလိုကိစ္စ မျိုးကို လူစွမ်းလူစ ပြခြင်းတမျိုးဟု ဦးအောင်ဘညို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါ။ တခြားသူတွေ က ဘာကြောင့် ဒီလိုထင်ကြသည်မသိ။
“ကိုအောင့် အတွက်ကတော့ စိတ်ဖြေလိုက်တာ ခနလေးပဲ၊ သူဇာ့အတွက်တော့ ရှိသမျှသိက္ခာ ကုန်ရော”
ခုလိုအတိုင်းဆိုလျှင် မသူဇာကို တရားချဖို့မလွယ်ပါ။ တရားသမားကို တရားပြဖို့ကလည်း လွယ်လွယ်နှင့် ဖြစ် မည်မဟုတ်။ ဗိုက်ထဲကကလေးကို ရှင်းမပစ်တာကိုပဲ ကြံဖန်ကျေးဇူးတင်ရမလိုဖြစ်နေသည်။
“သူဇာ ကိုယ့်ကို ကြိုက်သလိုပြောနိုင်တယ်၊ အပြစ်ပေးချင်လဲပေးပါ ကိုယ်ခံမယ်၊ ဒါပေမယ့် ဒီအကြောင်းတွေကိုပဲ စိတ်ထဲစွဲနေလို့ မပြီးသေးဘူး၊ သူဇာ့ကျန်းမာရေးကို တော့ထိခိုက်မခံပါနဲ့၊ စိတ်ကို အတတ်နိုင်ဆုံးဖြေပါ လို့ ကိုယ်မေတ္တာရပ်ခံပါတယ်၊ ပြီးသွားမှတော့ ဖြစ်လာတာကို အဆင်အပြေဆုံး ဖြစ်အောင်လုပ်ကြရတော့ မယ် မဟုတ်လား”
မသူဇာ စကားပြန်မပြောတော့။ အိပ်ယာပေါ်လှဲချလိုက်ပြီး တဖက်သို့စောင်းနေလိုက်သည်။ ဦးအောင်ဘညို ကို ကျောပေးလျက်ဖြစ်သွား၏။ ပြန်လှည့်လာနိုး နှင့် ထိုင်စောင့်နေသော်လည်း လုံးဝပြန်လှည့်မလာပါ။
“ကိုယ် အဝတ်အစားသွားလဲ လိုက်ဦးမယ်၊ သူဇာနားချင်လဲ နားနေပါ”
တုံ့ပြန်မှုကို မစောင့်တော့ဘဲ ဦးအောင်ဘညို အခန်းထဲက ထွက်လာခဲ့သည်။ မသူဇာ လုပ်နေပုံကို စိတ်မဆိုး မိသော်လည်း အနည်းငယ်တော့ စပ်ဖျင်းဖျင်း ခံစားရသည်။ လင်ရှိမယား တယောက် ကိုယ်ဝန်ဆောင်ရခြင်း ကို မသူဇာ ဘာကြောင့်ဒီလောက်ထိ ခံစားနေရသည်ကို ဦးအောင်ဘညို လက်မခံချင်ပါ။ တရားသမားပါ ဆိုပြီး သဘာဝကို လွန်ဆန်ချင်၍ မရဟု ဦးအောင်ဘညို ထင်မိပါသည်။ ရေချိုးအဝတ်လဲပြီးနောက် ထမင်းစားချင်စိတ် မရှိသေး၍ အိတ်ဖွင့်ပြီး အလုပ်လုပ်ဖို့ကြိုးစားသည်။ စိတ်မပါ သည့် အတွက် ဘယ်လိုမှ မအောင်မြင်ပါ။ အရက်သောက်ချင်စိတ် ပေါက်လာသေးသော်လည်း မသူဇာဖက် က လက်ညိုးထပ်ထိုးစရာ ဖြစ်လာမှာ စိုး၍ အောင့်အီး နေလိုက်ရသည်။
အခြားကြောင့်တော့ မဟုတ် အရက် သောက်ပြီးမူးနေသည့် အချိန်တွင် မသူဇာနှင့် စကားထပ်ပြောဖြစ်ပါက ချောချောမွေ့မွေ့ ရှိမည် မဟုတ်၊ ပြ ဿနာကို လက်ယပ်ခေါ်သလိုသာရှိလိမ့်မည်။ အခန်းတွင်း အောင်းနေရင်း ညစာကို နောက်ကျမှဆင်းစားဖြစ်သည်။ သူများတွေ စားပြီးကုန်ကြပြီထင်သည်၊သိင်္ဂ ီတယောက်ထဲစားနေ၏။
“ကိုကိုအောင် လာ၊ သူများက စားပြီးသွားပြီတောင် ထင်နေတာ”
ဆံပင်ကို ဖားလျားချထားပြီး လည်ပင်းပေါက်ကျယ်ကျယ် တီရှပ်ဝတ်ထားသည့် သိင်္ဂီ က မလိမ်းမချယ်ဘဲလှနေသည်။ အိမ်ဖေါ် မိန်းကလေးတယောက်က ထမင်းထည့်ပေးဖို့ ဝင်လာသော်လည်း သိင်္ဂီ က လက်ခါ ပြလိုက်ပြီး သူမကိုယ်တိုင်ထည့်ပေးသည်။
“ခဲအိုကြီးကို ဂုဏ်ပြုတာ”
တခြားတယောက်ဆိုလျှင် အလိုက်သင့်စကားပြန်မိကောင်း ပြန်မိမည်ဖြစ်သော်လည်း သိင်္ဂီ ဖြစ်နေသည့် အတွက် ဦးအောင်ဘညို ဘာမှပြန် မပြောမိပါ။ ဒီအတွက် သိင်္ဂီ က ဘယ်လိုမှ သဘောထားပုံမပေါ်ပါ။ စားပွဲ အလည်ဝိုင်း လေးကို လှည့်ကာလှည့်ကာ နှင့် ဟင်းခွက်တွေကို ရွှေ့ပြီး ဦးအောင်ဘညို ၏ ပန်းကန်တွင်း သို့ ခပ်ထည့်ပေးသည်။
“များနေပြီ၊ ရတယ်”
ဦးအောင်ဘညို တားလိုက်တော့မှ ပန်းကန်ကို ဦးအောင်ဘညို ရှေ့တည့်တည့် ချပေး၏။ မျက်နှာချင်းဆိုင်မှ ဦးအောင်ဘညိုကို လှမ်းပြီးပန်းကန် ချပေးသောအခါ လည်ဟိုက် တီရှပ်ပွပွက ရင်နှစ်မွှာကို အပြည့်အစုံ ထုတ်ပြလိုက်၏။ စိတ်ထွေနေသော ဦးအောင်ဘညို ဘရာစီယာ အဖြူပါးပါးလေး နှင့် မလုံမလဲရစ်သိုင်းထားသော ရွှေဝါရောင် အလှတရားကို မျက်လုံးမဖယ်ပဲ ကြည့်မိသည်။ သိင်္ဂ ီသိသော်လည်းမသိယောင်ဖြင့် နေရာမှာပြန် ထိုင်လိုက်သည်။
“စားလို့ကောင်းပါ မလား၊ ဒီနေ့ မသောက်ဖြစ်တော့”
“သောက်မလားစဉ်းစားနေတာ”
“တရက်တလေ သည်းခံလိုက်ပါ ရှင်၊ မသောက်ဘဲ နေလို့ရတာပဲ မဟုတ်လား”
ပုံမှန် အသံနှင့် ပြောနေရာမှ လေသံနှိမ့်လိုက်ပြီး
“သူများကလည်း မမနားမှာနေရမှာ သိလား”
ဦးအောင်ဘညို မလုံမလဲဖြင့် အိမ်ဖေါ်ကောင်မလေး ရပ်နေသည့် နေရာကို လှမ်းကြည့်လိုက်မိသည်။ အပေါက်ဝနားမှာ ရပ်နေခြင်းဖြစ်၍ လှမ်းတော့လှမ်းပါသည်။ သိင်္ဂ ီ့အသံကို သဲသဲကွဲကွဲ ကြားနိုင်ဖို့ခက်ပါသည်။
“ဟိုကောင်မလေး သွားနားချင်နားတော့ စားပြီးရင် ငါလှမ်းခေါ်လိုက်မယ်”
အိမ်ဖေါ်မလေး ထွက်သွားပြီးနောက် သိင်္ဂီ က ဦးအောင်ဘညိုကို ပြုံးစစ နှင့်ကြည့်ရင်း
“ဘယ်လိုလဲ ဆရာကြီး၊ ဘယ်လိုခံစားရလဲ”
“မပြောတတ်ပါဘူး၊ စိတ်ထဲမှာ တမျိုးပဲ”
“သူများ ဘာတွေးနေတယ်ဆိုတာသိလား”
“ကိုယ်ဘယ်သိမှာလဲ”
“ဒီလို ကိုကိုရယ်၊ လူတွေပြောတတ်ကြတယ် မဟုတ်လား၊ ပစ္စည်းတွေ ကွန်တိန်နာ နဲ့တိုက်ခိုးရင်ဘာမှ မဖြစ်ဘူး သံတိုသံစ လေး တချောင်းနှစ်ချောင်း ခိုးမှ အဖမ်းခံရမယ် ဆိုတာမျိုး ဖြစ်နေတယ်လို့၊ မမ နဲ့ ကျမှ ကိုကို့မှာ တခါခိုးတခါမိ ဖြစ်ရော”
“ဒါခိုးတာမှ မဟုတ်တာ သိင်္ဂီ ရဲ့၊ ကိုယ်ပိုင်တာပဲ”
“ဟုတ်ပါပြီ၊ ဒါဆိုပြောင်းပြောမယ်၊ ကိုယ်မပိုင်တာ ယူတော့ဘာမှ မဖြစ်ဘူး၊ ကိုယ်ပိုင်တာ ယူမိမှ ဒုက္ခရောက်ရတယ် လို့ပြောရမလား”
“ဘာဖြစ်လို့လဲ”
“အခု မမက ဂျစ်တိုက်နေတော့ ကိုကို စိတ်ညစ်နေရပြီ မဟုတ်လား”
“စိတ်ညစ်တယ် လဲ မဟုတ်ပါဘူး၊ သူဇာ ကိုယ့်အပေါ်မကျေမနပ် ဖြစ်နေတာတွေ အတွက်ကိုယ်စိတ်ထဲ ဘယ်လိုမှ မနေပါဘူး…….ဒါပေမယ့် တမျိုးပဲ ကွာ”
စိတ်ပျက်လက်ပျက်ပြောနေသော ဦးအောင်ဘညို ကို သိင်္ဂ ီစာနာစွာကြည့်သည်။ ရွှန်းပသည့် အကြည့်ကို ဦးအောင်ဘညို ရင်မဆိုင်ဝံ့ပါ။
“ခုန စကားကို သိင်္ဂ ီပြန်ရုပ်သိမ်းမယ်”
“ဘယ်စကားကိုလဲ”
“ကိုယ်မပိုင်တာယူလို့ ဘာမှမဖြစ်ဘူးဆိုတာလေ၊ အဲဒီတခုကလည်း သူများက ကိုကို့ကိုပေးထားပြီးသား ကိုကို့ အပိုင်ပဲဟာ၊ မပိုင်တာလို့ ပြောလို့ဘယ်ရမလဲ နော်”
“သိင်္ဂီ ရယ်”
အရင်က သိင်္ဂီ ဒီလိုပြောလျှင် စိတ်ထဲဘယ်လိုမှနေမည် မဟုတ်သော်လည်း ခုချိန်မှာတော့ သိင်္ဂ ီ့ မျက်နှာကို မကြည့်ဝံ့သလိုဖြစ်နေသည်။
“သိင်္ဂီ ”
“ရှင်”
“ကိုယ် တမျိုးကြီးဖြစ်နေတယ်ဆိုတဲ့ ထဲမှာ သိင်္ဂ ီ့ကို အားနာသလိုခံစားနေရတာလဲပါတယ်၊ အဲဒါကိုယ် အခုမှသိလိုက်တာ”
သိင်္ဂ ီ့မျက်နှာလေးမှုန်သွားပြီး ငူငူလေး ဖြစ်သွားသည်။ လက်ထဲက ဇွန်းနှင့် ခက်ရင်းကို ချလိုက်ပြီးနောက် သိင်္ဂ ီထရပ်လိုက်သည်။ မျက်လုံးထဲမှာလည်း မျက်ရည်တွေ ဝေ့နေသည်ဟု ဦးအောင်ဘညို ထင်မိ၏။
“ငါ့ ပန်းကန် လာသိမ်းတော့ဟေ့”
နောက်ဖေးဖက်ကို လှမ်းအော်လိုက်ပြီး သိင်္ဂ ီအခန်းထဲက ထွက်သွားသည်။ ဦးအောင်ဘညို နားက အ ဖြတ်တွင် တိုးတိုးလေးကပ်ပြီး
“အဲဒီလောက်လေးနဲ့တင်သိင်္ဂ ီကျေနပ်ပါတယ် ကိုကိုရယ်”
ဦးအောင်ဘညို လည်း နောက်ထပ်သုံးလေးလုပ်သာ ဆက်စားဖြစ်သည်။ ဆက်မစားချင်တော့၍ ထားခဲ့ပြီး အိမ်ရှေ့ပြန်ထွက်လာခဲ့၏။ သိင်္ဂ ီ့ကိုတော့ အရိပ်အယောင်မမြင်ရပါ။ မသူဇာဆီသွားလေသလား၊ သူမ အခန်းသို့ပဲပြန်ပြီလား မသိပါ။ ဖိုးသားဂိမ်းဆော့ နေတာကို ခနထိုင်ကြည့်ပြီး အခန်းထဲပြန်ဝင်လာခဲ့၏။ အိပ်ဖို့လည်းစောနေတာ နှင့် အလုပ်ပြန်လုပ်ကြည့်သည်။ စိတ်ကမပါ။ စာရွက်တွေအားလုံးကို ပစ်ချ၍ ကွန် ပျူတာပါပိတ်ပြီး အိပ်ယာပေါ်လှဲရင်းစဉ်းစားနေမိသည်။ မသူဇာမှာ ကိုယ်ဝန်ရှိနေပြီဟု သတင်းစကားရကထဲ စိတ်ကထွေချင်ချင်ဖြစ်နေ၏။ အဆိုးဖက်သို့ ကားမဟုတ် တမျိုးကြီးဖြစ်နေခြင်းပင်။ မသူဇာ ဒီအတွက် စိတ်မကြည်မလင်ဖြစ်နေကြောင်း သိင်္ဂ ီကြိုပြောထားသော်လည်း ဒီလောက်ဟု မထင်ခဲ့။ အသက်ကြီးမှ ကိုယ် ဝန်ဆောင်ရ၍ ရှက်တာဖြစ်လိမ့်မည်ဟုလောက်သာတွေးမိ၏။ အခုတော့ မသူဇာကစက်ဆုပ်ရွံရှာဖွယ် တခုလို သဘောထားနေသည်။ ဒီလိုဖြစ်ရခြင်း၏ တရားခံက ဦးအောင်ဘညို ဖြစ်သည်ဟု စွဲမှတ်နေ၏။
မိမိ၏ အပြစ်မကင်းဟု ဦးအောင်ဘညိုလည်း လက်ခံပါသည်။ သို့သော်ဖြစ်ပြီးသည့် အရာတခုကို ဒီတိုင်းရှုံ့ချပြစ်တင်နေ၍လည်း ဘာမှထူးလာတော့မည် မဟုတ်။
လင်မယားနှစ်ယောက်လုံးအပြင် အိမ်သားတွေပါ စိတ်ညစ်ညူးစရာ ဖြစ်နေသည်။ ဒီကြားထဲ သိင်္ဂ ီကလည်းတမှောင့်လို့ဆိုနိုင်သည်။ သူမကတော့ ဦးအောင်ဘညိုကို ဘယ်လိုမှ အနှောင့် အယှက်ပေးမည့်သူမဟုတ်ပါ။ အမလုပ်သူ၏ ကိုယ်ဝန်နှင့် ပတ်သက်ပြီး လိုလိုလား လား အမူအရာပြသော်လည်း သိင်္ဂ ီ့စိတ်ထဲမှာ တခုခုရှိနေသည်ဟု ဦးအောင်ဘညိုသိနေသည်။ တွေးစရာ တွေ မကြည်လင်စရာတွေ နှင့် ထိုင်းမှိုင်းနေသော်လည်း ဒီည ဦးအောင်ဘညို အိပ်မပျော်ဖို့ များနေသည်။
တကယ်တန်းတွေးကြည့်လျှင် တခြားသူတွေအတွက် ဘာမှအကြောင်းမဟုတ်လောက်သည့် ကိစ္စလေးတခု အတွက်ခုလိုဖြစ်နေရခြင်းအတွက်လည်း ခံရခက်သည်။ မထူးတော့ဟု ဆုံးဖြတ်၍ လှဲနေရာမှ ပြန်ထပြီး အရက်ပုလင်း ကိုဖွင့်လိုက်သည်။ အမြည်းမရှိပါ။ ရေသာရှိ၏။ အောက်ဆင်းပြီး အမြည်းလည်းမရှာချင်တော့။
ခွက်ထဲသို့ လက်တလုံးသာသာလောက် ထည့်ပြီးတကျိုက် ထဲ ဒီအတိုင်းမော့ချလိုက်သည်။ ပူလောင်ခါးသီးမှု တွေကလည်ချောင်းကို ခြေကန်ဆင်းသွား၏။ ခပ်မြန်မြန် လေးရေသောက်လိုက်ရသည်။ ပြီးသည်နှင့် နောက်တခါထည့်သောက်၊ ရေသောက်၊ အရက်တခါ ထည့်ပြီးထပ်သောက် သုံးလေးခါလောက် လုပ်လိုက်သည့် အခါဦးအောင်ဘညို တကိုယ်လုံးပူနွေးလာ၏။ ခေါင်းထဲမှာလည်းရီဝေလေးလံလာသည်။ ခပ်မြန်မြန် နောက်တခွက်ထပ်သောက်ပြီး အိပ်ယာပေါ်လှဲချလိုက်သည်။
ခနလောက်အကြာတွင် တရိပ်ရိပ်မူးလာပြီး ဦးအောင်ဘညို အိပ်ပျော်သွားသည်။ ဦးအောင်ဘညို အိပ်ပျော်နေခိုက် သိင်္ဂ ီဘာစိတ်ကူးပေါက်သည်မသိ ဖုန်းမက်ဆေ့ချ် လှမ်းပို့သည်။ မနက် နိုးမှ “good night koko ” ဆိုသည့် မက်ဆေ့ချ်လေးကို ဖတ်ရသည်။ ရုံးသွားဖို့ ပြင်ဆင်ပြီး အောက်ကိုဆင်းလာ တော့ သိင်္ဂီ ကသွားနှင့် ပေပြီ။ မနက်စာစားပြီး ဖူးဖူး အခန်းမှာ မသူဇာကို သွားကြည့်သေးသော်လည်း အိပ် နေသည် ဆိုသဖြင့် ပြန်လှည့်ပြီးရုံးကို ထွက်လာခဲ့သည်။
ရုံးရောက်တော့ သိင်္ဂ ီ့ကို မတွေ့ရ ပါ။ အပြင်ပြန်ထွက်သွားသည် ဆို၏။ ခင်မောင်တင့် ကိုလည်းမတွေ့ရ။
“မမ သိင်္ဂ ီဘယ်ခိုင်းလိုက်သလဲ မသိဘူး လေးလေး”
အေးအေး ကဖြေသည်။ သူတို့တွေရော မသူဇာ ကိစ္စ သိနေကြသလားဟု တွေးမိသည်။ သိမည် လို့တော့ မထင်ပါ။ အချိန်တန်လျှင်တော့ သိင်္ဂ ီကပြောပြကောင်း ပြောပြပေမည်။ခင်မောင်တင့် မရှိ၍ အေးအေး တယောက်ထဲ အလုပ်များနေသည်။ ခင်မောင်တင့်က လည်းဘယ်သေ၀ ထိုးနေသည် မသိ။ နေ့ လည်စာတောင်ပြန်လာ မစားပေ။
“နင့်ယောက်ျား ဖုန်းပါသွားလား”
သူတို့ လင်မယားနှစ်ယောက် အတွက်ဦးအောင်ဘညိုက hand phone တလုံးဝယ်ပေးထားသည်။
“ထားခဲ့တယ် လေးလေး၊ လေးလေး ဘာခိုင်းစရာရှိလို့လဲ”
အေးအေး က ဖုန်းလေးထောင်ပြ၏။
“အိမ်ကို ခိုင်းမလို့၊ နေပါစေတော့ ငါ့ဟာငါပဲ အလုပ်အားရင်ပြန်လိုက်မယ်”
မနေ့ ည တုန်းက ထူထူပူပူ နှင့် အရေးကြီး ဖိုင်တဖိုင် အပြင်ထုတ်ကြည့်ပြီး ပြန်မသွင်းမိဘဲ မေ့ကျန်ခဲ့သည်။ အိမ်ကို ယူခိုင်း ဖို့ ခင်မောင်တင့်ကလည်း မရှိ၍ ကိုယ်တိုင် ထွက်လာခဲ့ရသည်။ မလာခင် အလုပ်နဲနဲ ဖြတ်နေရသဖြင့် ရုံးကထွက်လာချိန် မှာ နေ့လည်သုံးနာရီ ထိုးလုလု ဖြစ်နေပေပြီ။ ခင်မောင်တင့် မလာသေးသလို သိင်္ဂီ လည်း ပျောက်ချက်သားကောင်း နေ၏။ ခင်မောင်တင့်ကို သိင်္ဂ ီကောင်းကောင်း မောင်းနေပုံရသည်။ဖုန်းနှင့်တောင် ရုံးကိုပြန်မဆက်သွယ်ပါ။ လမ်းထဲအရောက်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင်စိတ်ဝင်တစား ဖြင့့် ဦးအောင်ဘညို ကားကိုလမ်း ဘေးမှာ ကပ်ပြီးရပ်လိုက်သည်။ အမြဲလိုပိတ် ထားသည့် ခေါင်းရင်းခြံတံခါးကြီး ပွင့်နေပြီး အထဲမှာ လူတွေ တော်တော် များများ အလုပ်လုပ် နေတာ တွေ့ ရသည်။ ဦးအောင်ဘညို ဝင်သွားသည့် အခါ ဖိုက်ဘာဦးထုပ် အဝါဆောင်းထားသည့် မိန်းကလေး တယောက်အနားသို့ အပြုံးဖြင့်ရောက်လာသည်။ မြင်ဖူးသလိုလို ရှိသည်ဟုထင်မိသည်။
“ဘာလုပ် နေကြတာလဲ”
“ခြံရှင်း နေကြတာပါ ဦး”
“ဘာလုပ် ဖို့လဲ”
“အိမ်ဆောက် ဖို့လို့ပြောပါတယ်၊ သမီးလဲ သေသေချာချာ မသိဘူး၊ ဦးသန့်ဇင်က လွှတ်လိုက်လို့ သမီးနဲ့ ကိုဝေဖြိုး အားတဲ့သူဆွဲခေါ်ပြီး လိုက်လာရတာ၊ သမီးတို့
လာတော့ဦးခင်မောင်တင့် တော့ ရှိတယ်”
ဦးသန့်ဇင် ဆိုတာ ဒဂုံဆိုက်က မန်နေဂျာဖြစ်သည်။ ဝေဖြိုးဆိုတာတော့မသိ။ ဆိုက်ထဲက အင်ဂျင်နီယာ တယောက်ယောက် ဖြစ်မည်။ ဒီကောင်မလေးလည်း ဆိုက်ထဲကအင်ဂျင်နီယာမလေး တယောက် ဖြစ် နိုင် သည်။ ခင်မောင်တင့် ဘာတွေလုပ်နေသနည်း။
“ခင်မောင်တင့်ရော”
“ကိုဝေဖြိုး နဲ့ ဦးခင်မောင်တင့်က ဆရာဦးအောင်မြင့် ဆီသွားတယ် ဦး”
အခြေအနေ က ပိုပြီးကြီးကျယ်လာလေပြီ။ ဦးအောင်မြင့် ဆိုတာ ဦးအောင်ဘညိုတို့ ကုမ္ပဏီ၏ အတိုင်ပင် ခံ ဗိသုကာ ဖြစ်သည်။
“ဟောဟိုမှာ လာပြီ”
ပြောရင်းဆိုရင်း ကုမ္ပဏီ တံဆိပ်ကပ်ထားသည့် ပစ်ကပ်ကားလေးတစီး ခြံထဲဝင်လာသည်။ ခင်မောင်တင့် နှင့် အသက်သုံးဆယ်ဝန်းကျင် လူရွယ်တယောက် ဆင်းလာ၏။
“အေမီ ရေ၊ ဒီ တံခါး နားက ကွက်လပ်ကို မြန်မြန်ပြီးအောင် အရင်ရှင်းခိုင်းလိုက်၊ ဟိုမှာ အုတ်ကားနဲ့ သဲကား တွေ ထွက်လာပြီတဲ့”
ဦးအောင်ဘညို ဘာတွေပါလိမ့်ဟု ခေါင်းခြောက်သွားရသည်။ ထိုအချိန်ဝယ် ဦးအောင်ဘညို ကိုမြင်သွားပြီးသူတို့ နှစ်ယောက် အနားသို့ရောက်လာသည်။
“ကဲ ခင်မောင်တင့် ဘာတွေဖြစ်နေတာလဲ ငါ့ကိုရှင်းစမ်းပါဦး”
“လေးလေး … သတင်းရလို့လိုက်လာတာလား”
“မဟုတ်ဘူး၊ ငါ့ ကိစ္စ နဲ့ငါ လာတာ၊ ဒီမှာ ယောက်ယက်ခပ်နေတာ မြင်လို့ဝင်ကြည့်တာကွ”
ခင်မောင်တင့် ခေါင်းကုပ်သည်။
“ဟီး … ဒီလို လေးလေးရဲ့၊ လာဟိုဖက်ခြံသွားရအောင်၊ ဝေဖြိုး အိမ်နားက နောက်မှ ရှင်းကွာ၊ ပစ္စည်းချမယ့်နေရာ ကို လူကုန်ခေါ်ရှင်းလိုက်”
“ဟုတ်ကဲ့ အကို”
ဦးအောင်ဘညို လက်ကိုဆွဲပြီး ဒီဖက်ခြံကို ကူးလာကြသည်။
“ကဲ ဆိုပါဦး”
အနားမှာ လူရှင်းသွားသည်နှင့် ဦးအောင်ဘညို မနေနိုင်ဘဲ မေးမိတော့သည်။
“မမကြီးက ကျွန်တော့်ကို မနက်ကလှမ်းခေါ်တယ်၊ လေးလေး မသိအောင်လာရမယ်တဲ့”
“အေးအေး ပြောတော့ မင်းကိုသိင်္ဂ ီခိုင်းလိုက်တာဆို”
“ဟုတ်တယ် လေးလေး၊ မမသိင်္ဂ ီနဲ့မှာလိုက်တာ၊ ဒီရောက်တာ နဲ့ ပုံစံအကြမ်း တခုထုတ်ပေးပြီး ခြံလွတ်မှာ အိမ်တလုံး ခုချက်ချင်း ဆောက်ချင်တယ် ဆိုပြီး အတင်းခိုင်းတော့တာ”
နည်းနည်း ဇာတ်ရည်လည်လာ ပြီးနောက် ဦးအောင်ဘညို ဆက်နားထောင်နေလိုက်သည်။
“ဒါနဲ့ ကျွန်တော်လည်း ကိုသန့်ဇင် ကို လည်ပင်းညှစ်ပြီး လူတဆိုင်းရအောင်ဆွဲထုတ် ပြီးဒီပို့ရတော့တာပေါ့”
“ပစ္စည်း တွေလာပြီဆို၊ အဲဒါတွေကဘယ်ကလဲ”
“ဆိုက်ထဲကပဲ လေးလေး၊ ပြီးမှပဲပြန်ဖြည့်ပေးရမယ်”
“ကောင်းကွာ၊ နေပါဦး၊ ဘယ်သူက ပြန်ဖြည့်ပေးမှာလဲ”
“လေးလေး ကလဲ …ဟီး …ဟီး”
“ငါပဲပေါ့ ဟုတ်လား၊ အေးရှိပါစေတော့၊ ဘယ်တော့စဆောက်မှာလဲ”
“မနက်ဖြန်လောက်ပေါ့၊ မမကြီးက တလထက် မကျော်စေနဲ့တဲ့”
“မနက်ဖြန် စနိုင်မလား”
“ရတယ် လေးလေး၊ မမကြီးပေးလိုက်တဲ့ ပုံစံက ရိုးရိုးလေးပါ။ ဦးအောင်မြင့် က ဒီည ထိုင်လိုက်မယ်၊ ပုံစံကို မနက်လာယူတဲ့၊ ဒါဆိုရင် ဖောင်ဒေးရှင်း အတွက်မြေတူးလို့ရပြီ။သဘက်ခါ စဆောက်ပြီပေါ့”
“ဒီတိုင်း ဆောက်လို့ ရမလား၊ ခွင့်ပြု ချက်တွေဘာတွေလိုသေးတယ် ဟ”
“ဦးအောင်မြင့် ဆီက ပုံစံ နဲ့ လက်မှတ်အဆင်သင့်ဖြစ်တာ နဲ့ ကျန်တာ မမသိင်္ဂ ီလုပ်လိမ့်မယ်၊ သူကဒါမျိုး စွမ်းတယ်လေ လေးလေးရဲ့”
“အားလုံးသူ့ဟာနဲ့ သူပြီးပြီ ဆိုတော့ ငါက ငွေထုပ်ကိုင်ပြီး ထိုင်ကြည့်နေရုံပေါ့ ဟုတ်လား”
“ဒီသဘောပဲ ပေါ့ လေးလေးရယ်”
“အေးပါကွာ၊ မင်းတို့ မမကြီး စိတ်ချမ်းသာအောင်သာလုပ် ပေးလိုက်ပါ”
“လေးလေး၊ ကျွန်တော် ဆိုက်ထဲပြန်သွားစရာ ရှိလို့၊ ရုံးပြန်မဝင်တော့ဘူး ရမလား၊ ခုန ဦးအောင်မြင့်နဲ့ ဝေဖြိုး ပစ္စည်း အကြမ်းဖျင်း တွက်ပြီးသွားပြီ၊ လိုမယ် ထင်သလောက်ကို ဒီမှာလာချထားဖို့ ကိုသန့်ဇင် နဲ့ ညှိရဦး မယ်”
“အေး … ပိုပိုသာသာ ထုတ်ရင်လဲ ထုတ်လိုက်ပေါ့ ကွာ၊ အထုတ်အသွင်း စာရင်းကိုတော့ တိတိကျကျ ဖြစ် အောင်လုပ်၊ ငါပြန်ဖြည့် ပေးရမှာလဲ ရှိသေးတယ် မဟုတ်လား၊ ဟို လိုလိုဒီလိုလို နဲ့ ကြားထဲက မလွတ်စေ နဲ့ ကြားလား”
“ဟုတ်ကဲ့ လေးလေး”
ဦးအောင်ဘညို အိမ်ထဲဝင်လာစဉ် ဦးလေးစိုး နှင့် တွေ့သည်။
“ဆရာ သိပြီးပြီလား”
ခေါင်းရင်းက ခြံမှာ မသူဇာအိမ်ဆောက်သည့် ကိစ္စကိုပြောမှန်း ဦးအောင်ဘညို သိလိုက်ပါသည်။
“ဟုတ်ကဲ့”
“သူဇာက လဲ ဇွတ်တရွတ် ဆရာရယ်၊ အိမ်ဆောက်မယ် ဆိုလဲ သေသေချာချာ ဆောက်ပေါ့၊ အခုတော့ သူတရား ထိုင်ဖို့သက်သက် အတွက်ပဲတဲ့၊ ဆရာက ဖိုး သားအတွက်ရည်ရွယ်ထားတာ သူသိရက်နဲ့”
မသူဇာ၏ ရည်ရွယ်ချက်ကို ဦးအောင်ဘညို အခုမှသိရသည်။
“သူစိတ်ချမ်းသာရင် ပြီးတာပဲဗျာ၊ သူလဲ အဲဒီမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲ”
ခုချိန်မှာ ကိုယ်ဝန်အတွက်နှင့် စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်နေသော မသူဇာကို ဦးအောင်ဘညို ပိုပြီး စိတ်မရှုပ်စေလိုပါ။ မိခင် အတွက်နှင့် ကလေး ထိခိုက်ရမည့် အဖြစ်မျိုးအထိရောက်သွားမှာကို စိုးရိမ်မိပါသည်။ထို့ကြောင့် မသူဇာလုပ်ချင်သမျှ ဖြစ်အောင်လုပ်ပေးလိုက်မည်ဟု စိတ်ပိုင်းဖြတ်ထား၏။ မနေ့က သိင်္ဂ ီဒီသတင်းကို လှမ်းပေးစဉ်က စိတ်မှာ မယုံရဲရဲဖြစ်ရသည်။ စိတ်နောက်ကိုယ်ပါ လုပ်လိုက်သည့် အဖြစ်အပျက်လေးတခု က တာသွားလွန်းလှသည်။ မသူဇာ၏ စိတ်နေစိတ်ထား နှင့် စရိုတ်ကို သိနေသည့် အတွက် တခြားတလွဲအတွေးတွေမတွေးမိပါ။ အံ့သြစိတ်က သာပိုများနေမိ၏။ ဦးအောင်ဘညို နှင့် ပတ်သက် သည့် တခြားမိန်းကလေး တွေ ဖြစ်သော သိင်္ဂ ီနှင့် ကျော်ကျော် ဒီလိုဖြစ်သည် ဆိုလျှင်တောင် ဦးအောင်ဘ ညို အရမ်းအံ့သြလိမ့်မည် မဟုတ်။ အခုတော့ မမျှော်လင့်ဘဲ မသူဇာဖြစ်နေသည့် အတွက် ရင်ထဲမှာတမျိုး ကြီးခံစားရသည်။ ပြည့်စုံလုံလောက်နေသည့် ဘဝတွင် ကလေးတယောက် ထပ်တိုးလာခြင်း အတွက်ဝမ်းမြောက်ဝမ်းသာ ဖြစ်ဖို့သာရှိသည်။ ဖိုးသား နှင့် ဖူးဖူး ကတော့ ပျော်နေကြသည်ဟု ကြား၏။
ဦအောင်ဘညိုကတော့ အံ့သြစိတ်နှင့် အတူ ရှက်သလိုလို ခံစားရခြင်းသာ ရှိသည်။သို့သော် မိသားစု အတွင်းသို့ အသစ်ရောက်လာမည့် ကလေးငယ် တယောက်ကို လှိုက်လှဲစွာ ကြိုဆိုနေမိ သည်က အမှန်ဖြစ်သည်။ မသူဇာကတော့ အားလုံးနှင့် ခြားနားစွာရှိသည်။
သူ၏ တရားဓမ္မ လမ်းကြောင်း အတွက် အနှောက်အယှက်ကြီးတခုဟု မြင်သည်။ တရားဓမ္မ နှင့် မွေ့လျော်သူများကြားတွင် ကိလေသာနှင့် စပ်လျှဉ်း၍ အပြစ်တခုကို ကျူးလွန်ခဲ့သူတယောက်ပမာ အရှက်တကွဲဖြစ်ခဲ့ရသည်ဟု ယူဆနေ၏။
“သူဇာ ရောဦးလေးစိုး”
“ဖူးဖူး အခန်းမှာ ဆရာ”
“ရောက်ကထဲက ထွက်ရဲ့လား”
“ထွက်ပါတယ် ဆရာ၊ မနက်ကတောင် ဟိုဖက်ခြံထဲ လျှောက်ကြည့်နေသေးတယ်၊ အလုပ်သမားတွေ လာ တော့လဲ သူပဲ နေရာလိုက်ပြပေးတယ်”
မိမိ ကိုရှောင်လေသလားဟု တွေးမိသော ဦးအောင်ဘညို စိတ်မသက်သာစွာဖြင့် ယူစရာရှိတာယူပြီး ရုံးကို ပြန်လာခဲ့သည်။ သိင်္ဂ ီပြန်ရောက်နေလေပြီ။ အေးအေးစားပွဲ မှာအေးအေး နှင့်အတူထိုင်နေ၏။
“အိမ်ရောက်ခဲ့တယ်ပေါ့”
“ရောက်ခဲ့ပါ့ဗျာ”
ဦးအောင်ဘညို စိတ်မကြည်လင်မှန်း သိသည့် သိင်္ဂ ီက နောက်ကနေလိုက်ဝင်လာ၏။
“ကိုကိုအောင်”
“ဟင်”
“သိင်္ဂ ီ က မမခိုင်းတာလုပ်ရတာနော်၊ သူ့ဖာသာ မမကို စိတ်ဆိုးချင်ဆိုး သူများကိုလာမမဲနဲ့”
“ဟော ကိုယ်က ဘာဖြစ်နေလို့လဲ”
“မျက်နှာကြီးစူပုတ်နေတာ သိင်္ဂီ မပြောနဲ့ အေးအေး တောင်သိတယ်”
“ကိုယ်စိတ် မဆိုးပါဘူး၊ ဒါပေမယ့် ကွာ သိင်္ဂီ တို့ ခင်မောင်တင့် တို့ကတော့ အမျိုးတွေထားတော့၊ ဟိုကိုသန့်ဇင် ဆိုတဲ့လူကပါ တခါထဲလူတွေရော ပစ္စည်းတွေရောထုတ်ပေးတော့တာပဲ၊ ကိုယ့်ကို ဖုန်းဆက် ပြီး အကျိုးအကြောင်းပြောရင်လည်း ကိုယ်က မပေးနဲ့လို့ ပြောမှာလား”
“ကိုကို သိပြီးသားလို့ သိင်္ဂီ ကပြောလိုက်တာကိုး၊ မနက်က ကိုသန့်ဇင်ဆီ ကို ခင်မောင်တင့် သွားတော့ သိင်္ဂ ီ လည်းပါတယ်လေ၊ ဆောရီးနော် ကိုကို၊ အဲဒီအတွက် သိင်္ဂီ ကိုစိတ်ဆိုးချင်ဆိုးပါ။ ဒါပေမယ့် ကိုကိုသိရင်လည်းပေးမှာပဲ ဆိုတာသိနေတယ်လေ၊ မမ ကလဲ တပူပူလုပ်နေတော့”
“အင်းပါ၊ အင်းပါ ရှိပါစေတော့”
အပြင်ဖက်ကို တချက်လှမ်းကြည့်လိုက်ပြီး သိင်္ဂီ ထိုင်ရာမှထကာ ဦးအောင်ဘညို နားသို့ကပ်လာသည်။ ခုံမှာ ထိုင်နေသည့် ဦးအောင်ဘညို၏ မျက်နှာက မို့မို့ထွားထွားရင်အုံ နှင့် ထိလုမတတ်ရှိသည်။ ရနေကျ သိင်္ဂ ီ၏ ကိုယ်သင်းရနံ့ တွေက ဦးအောင်ဘညို နှာဝကို ကြည်စယ်ကြသည်။
“သူများ ပြန်တော့မယ်ကိုကို၊ တနေ့လုံးလျှောက်ပြေးနေရတာ လူလဲပင်ပန်းနေပြီ ၊ ကိုကိုလဲ ရုံးဆင်းတာနဲ့ ပြန် ခဲ့သိလား”
“အင်း”
ဦးအောင်ဘညို နဖူးကို သိင်္ဂ ီငုံ့နမ်းလိုက်သည်။
“သွားမယ် ကိုကို”
ခါတိုင်းလို ဦးအောင်ဘညိုကိုပင် ပြန်နမ်းမခိုင်းတော့ဘဲ ထွက်သွားသည်။ မိတ်ကပ်ရောင်ထမိန်စကပ်အောက်က ပြည့်ပြည့်တင်းတင်း တင်ပါးတွေက ဦးအောင်ဘညိုကို သက်ပြင်းတခုချမိလိုက်စေသည်။ သိင်္ဂ ီပျောက် သွားမှ အိမ်ပြန်ယူခဲ့သည့် ဖိုင်တွဲကို ဦးအောင်ဘညို ဖွင့်ပြီး အလုပ်ပြန်စရသည်။
တယောက်ထဲပြန်ရမည့် အေးအေး ကို ရုံးစောဆင်း ခိုင်းလိုက်ပြီး ဦးအောင်ဘညိုလည်း ငါးနာရီထိုးသည် နှင့်ရုံးကထွက်လာခဲ့သည်။ အိမ်ကိုရောက်တော့ အိမ်ရှိလူကုန်နီးပါး ဟိုဖက်ခြံကိုရောက်နေတာမြင်ရသည်။ ဒေါ်ဒေါ်ကြည် နှင့် သိင်္ဂ ီကလွဲပြီး အိမ်သားတွေ ဟိုဖက်ကိုရောက်နေ၏။ ဦးအောင်ဘညို အိမ်မှာ ရှိတိုင်း ဖူးဖူးအခန်းထဲမှာ နေလေ့ရှိသည့် မသူဇာပင်လျှင် ဖူးဖူး နှင့် အတူခြံထဲမှာ ဟိုဒီလျှောက်နေသည်။ ဖိုးသားကတော့ခြံစောင့် မောင်ထွေးနှင့် အတူ သစ်ပင်တွေမှာ မီးလုံးတွေ လိုက်ဆင်နေသော ဦးလေးစိုးနောက်လျှောက် လိုက် နေသည်။ ဦးအောင်ဘညို ကူးလာသောအခါ မသူဇာက မမြင်သလိုလုပ်နေသည်။ ခြံထဲမှာလည်း ဆောက်လုပ်ရေးပစ္စည်းတွေ တော်တော် စုံနေပြီဖြစ်သည်။
“ပစ္စည်းတွေ လူခိုးမှာ စိုးလို့လားဦးလေးစိုး”
“ဟုတ်တယ် ဆရာရေ၊ အလုပ်သမား နှစ်ယောက်လဲ စောင့်ပေးမယ်ပြောတယ်၊ ထပ်ရောက်မှာတွေကလဲ ရှိ သေးတယ်တဲ့”
“ဒီည လား”
“ဟုတ်တယ်”
မသူဇာ ဘုန်းကြီးနေပုံကို ဦးအောင်ဘညို အံ့သြနေမိသည်။ ဖြစ်ချင်သမျှ မဆိုင်းဘဲဖြစ်နေရ၏။ အစပိုင်းတွင် မနာလိုသလိုလို ဖြစ်ရသော်လည်း မသူဇာဗိုက်ထဲက ကလေး၏ ဘုန်းကံဟု အတွေးဝင်လာသော အခါ ဦးအောင်ဘညို ကျေနပ်စွာဖြင့် ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့သည်။ အခန်းထဲမှာ အဝတ်လဲရင်း တဖက်ခန်းက အသံလိုလို ကြားသည်နှင့် မသူဇာများလားဟု သွားကြည့်လိုက် သောအခါ သိင်္ဂ ီဖြစ်နေသည်။ ရေချိုးပြီးစ သိင်္ဂီ က တဘက်ကြီးတထည်နှင့် ကိုယ်ကိုမလုံမလဲ ပတ်ထား သည်။ ခေါင်းလျှော်ထားသည့်
ဆံပင်တွေကို အခြောက်ခံစက် နှင့် မှုတ်နေသော သိင်္ဂ ီ့ကိုမြင်လိုက်ရသော အခါ ဦးအောင်ဘညို ရင်ခုန်သွား၏။ ဦးအောင်ဘညို စိတ်လှုပ်ရှားသွားသည်ကို သိင်္ဂ ီလည်းသိလိုက်သည်။ အဝတ်လဲရင်းထွက်လာသော ဦး အောင်ဘညိုက ကိုယ်အပေါ်ပိုင်းမှာ ဗလာကျင်းနေပြီး အောက်မှာကလည်းလုံချည်တထည်သာပါ၏။
“မမ လာမှာလား မသိဘူး”
“မလာပါဘူး၊ ဟိုဖက်ခြံထဲမှာ ခုပဲတွေ့ခဲ့တယ်”
သိင်္ဂီ ဘာတွေးမိသည် မသိ ဦးအောင်ဘညို အနားကပ်သွားသည့် အခါ နောက်ကို ခြေတလှမ်းဆုတ်လိုက် ၏။ ပြီးတော့ မျက်ဝန်းညို့ညို့ နှင့်မော့ကြည့်ရင်း
“ဘာလဲ”
သိင်္ဂ ီ့အသံက တုန်ရီနေသည်။
“ဘာမှ မဟုတ်ပါဘူး၊ အသံကြားလို့ဝင်လာကြည့်တာ”
“တော်သေးတာပေါ့၊ ဒီမှာ လန့်သွားတာပဲ၊ ကိုကို လည်းရေချိုးမလို့ မဟုတ်လား၊ သွားချိုးတော့လေ”
မလုံမလဲ တဘက်အောက်က သိင်္ဂ ီ့အလှက အသက်ရှုမှားလောက်ဖွယ်ပင်ဖြစ်သည်။ ဦးအောင်ဘညို စိတ်ကို တင်းလိုက်ပြီး ပြန်လှည့်လာခဲ့သည်။ ရေချိုးပြီးအောက်ကိုဆင်းလာရာ မသူဇာတို့လည်းပြန်ရောက်နေကြ လေ ပြီ။ မကြာမှီသိင်္ဂီ လည်းရောက်လာ၏။
“သူဇာ နေကောင်းလား”
“ကောင်းပါတယ်”
ဖူးဖူးက ရယ်သည်။
“ဖေဖေကလည်း တွေ့တိုင်းဒါပဲ မေးနေတာပဲ”
“သမီးရယ်၊ ဖေဖေ့မှာလဲ ဒါပဲ မေးစရာရှိတာ ကိုး”
အားလုံးရယ်ကြသော်လည်း မသူဇာက ခပ်တည်တည်ပင်။ သူတို့ နှင့် ဆက်မနေချင်တော့ ၍ ဦးအောင်ဘညို ညစာကို တယောက်ထဲ သွားစားလိုက်သည်။
“ဟင် ဆရာ စောလှချည်လား”
“ဟုတ်ကဲ့၊ စောစောစား၊ စောစော အိပ်မလားလို့”
ဒေါ်ဒေါ်ကြည် မေးတာကိုအလိုက်သင့် ပြန်ပြောရင်း ထမင်းခပ်သုတ်သုတ်စားကာ အပေါ်ပြန်တက်ခဲ့သည်။ မသူဇာ အရင်နေ့တွေကထက် ကြည်ကြည်လင်လင်ရှိပုံရသည်။ သူတို့တွေ ရှိရာဖက်က ရယ်သံတွေတချက် တချက် ဦးအောင်ဘညို ဆီလွင့်လာ၏။ အခန်းထဲ ရောက်တော့ ဘာမှလည်း လုပ်စရာမည်မည်ရရ မရှိသည့်အတွက် အင်တာနက်ဖွင့် ပြီးလျှောက် ကြည့် နေလိုက်သည်။ စိတ်ဝင်စားစရာ အကြောင်းအရာတွေ့လျှင်လည်း စိတ်ကို ဇွတ်နှစ် ပြီးဖတ်နေလိုက် ၏။ ဒီလိုမှန်းသိလျှင် ညနေက ကျော်ကျော့်ဆီ သွားလိုက်ပါသည်ဟုလည်း တွေးမိသည်။
ညနေက မြင်လိုက် ရသည့် ရေချိုးပြီးစ သိင်္ဂ ီ့အသွင်ကလည်း ဦးအောင်ဘညို၏ စိတ်ကိုလှုပ်ခတ်စေရာ ကျော်ကျော့်ဆီ ချက်ချင်း ထသွားချင်စိတ်ကို မနည်းထိန်းချုပ်ရ၏။
တဖက်ခြံမှာ တဝုန်းဝုန်းနှင့် သံချောင်းတွေ သစ်တွေချနေသည့် အသံကလည်းအတိုင်းသားကြားရသည်။ တာဝန်ကျေလွန်းသော ကိုသန့်ဇင်ကို ဒီနှစ်ကုန်လျှင် လစာတိုးမပေးတော့ဟု စိတ်အချဉ်ပေါက်စွာ တွေးနေ မိသည်။
ဒီညလည်း မနေ့ညကလို ဦးအောင်ဘညို အိပ်ဖို့ခက်နေသည်။ ထို့ကြောင့် မနေ့ညကအတိုင်း သောက်မိပြန်သည်။ ဒီနေ့တော့ ထမင်းပိုစားမိ၍ထင်သည် မနေ့ကလိုချာချာလည်အောင်မမူး။ ထို့ကြောင့်သိင်္ဂ ီ့ဆီက မက်ဆေ့ချ် ဝင်လာတာကိုသိလိုက်သည်။
“Goodnight koko, have a nice dream ”
သိင်္ဂ ီ အခန်းထဲပြန်ရောက်နေပြီထင်သည်။ ရုတ်တရက်ပေါ်လာသော စိတ်၏ ဆောင်ရာ အတိုင်း ဦးအောင်ဘညို သိင်္ဂ ီ့ အခန်းဝရောက်သွားသည်။ တံခါးခေါက်လိုက်ရာ သိင်္ဂ ီချက်ချင်းလိုလိုလာဖွင့်၏။
“ဟင် …ကိုကို၊ ဘာလဲဟင်”
ပြန်မဖြေဘဲ အခန်းထဲတိုးဝင်လိုက်သည်။
“အရက်နံ့ရတယ်၊ ဘယ်တုန်းကသောက်လိုက်တာလဲ”
“ခုလေးတင်”
“ကိုကိုရယ်”
ညဝတ်ဂါဝန်ဖရိုဖရဲ နှင့် သိင်္ဂ ီကတပ်မက်ချင်စရာကောင်းလွန်းလှသည်။ သိင်္ဂ ီ့ကို ကုတင်ပေါ်တွန်းလှဲပြီးသည် နှင့် ဂါဝန်ကိုဆွဲ လှန်လိုက်သည်။
“ညနေထဲက ဖေါက်နေတာ မဟုတ်လား၊သိတယ်၊ ဟွန်း”
အပြစ်တင်သလိုပြောသော်လည်း လက်တွေကတော့ ဦးအောင်ဘညို လည်တိုင်ကို သိုင်းဖက်လာသည်။ မကြာမှီ အချိန်အတွင်းမှာပင် သိင်္ဂ ီ့ကုတင်တသိမ့်သိမ့်ခါလာသည်။ သိင်္ဂ ီ့ညည်းသံလေး ကလည်း တစာစာလွင့်လာ၏။ ဦးအောင်ဘညို ကျော်ကျော့်ကိုမေ့သွားသည်။ မသူဇာကို မေ့သွားသည်။ မသူဇာ ဗိုက်ထဲက ကလေး ကိုမေ့သွားသည်။
အားလုံးကို ထိုအခိုက် အတန့်ကာလတွင် မေ့လျော့လို့နေလေ၏။
..............................................
{ သက်ရောက်မှုတခုရှိတိုင်း ညီမျှသည့်တန်ပြန်သက်ရောက်မှု ရှိသည်ဟု နျူတန် ကပြောခဲ့သည်။
ထိုအဆိုသည် အရာရာတိုင်း အတွက်အကျုံးမဝင် မမှန်ကန်ပေ။
စကြာဝဠာ၏ တံခါးရွက်တို့ကိုဖွင့်ခဲ့သော၊ သိပ္ပံပညာ၏ အခန်းအသီးသီးကို ပွင့်စေခဲ့သော ပညာရှင်ကြီးသည် သိမ်မွေ့နုနယ်သော လူ၏ စိတ်ခံစားမှု တံခါးရွက်ကို မေ့လျော့စွာကျန်ခဲ့သည်။}
.............................................................
အခန်း (၂၆)
ကောင်လေးက ဖူးဖူး နှင့်ရွယ်တူလောက်ရှိမည်ထင်သည်။ မြင်မြင်ချင်းတော့ တုတ်တုတ်ခဲခဲ ကိုယ်လုံး ကြောင့် လူကြီးတယောက်လို့ သိင်္ဂ ီထင်ခဲ့ မိသေး၏။ အနားကိုရောက်တော့မှ နုနယ်သည့် မျက်နှာကို သတိ ပြုလိုက်မိသည်။ အသားညိုညို ၊ အရပ်မြင့်မြင့် နှင့် ၀၀ကစ်ကစ် ကောင်လေးတယောက်ဖြစ်သည်။ အပြာနှင့်အနက်ရောင် ထောင်လိုက်စင်းတွေပါသည့် ဘောလုံးဂျာဆီကို ဝတ်ထားသည်။ ကျောမှာ ၈၆ ဆိုသည့် နံပါတ် တောင်ပါ သေး၏။ ဘောလုံးဝါသနာ အိုးလေးဖြစ်ပုံရသည်။ သိင်္ဂ ီရောက်နေကြောင်း ဟွန်းမတီးသေးဘဲ ခန အကဲခတ်ကြည့်နေမိသည်။ ဖူးဖူး က ပုံမှန်အနေ အထားလို့ ယူဆရနိုင်စရာ ဖြစ်ပေမယ့် ကောင်လေးကတော့ ဖူးဖူး မျက်နှာကိုစိုက်ကြည့်ရင်းစကားတွေ တတွတ်တွတ် ကပ်ပြောနေသည်။
ရုတ်တရက်ဝင်လာသော စိုးရိမ်စိတ်ကြောင့် ဟွန်းကို သုံးလေးချက် ခပ်ဆတ်ဆတ်လေးတီးလိုက်သည်။ ဟွန်း သံကြောင့် ဖူးဖူး လှည့်ကြည့်လိုက်ပြီး ကားကို မြင်သောအခါ ကောင်လေးကို လက်ရမ်းပြပြီး ကားဆီကို ခပ်သုတ်သုတ်လေးပြေးလာ၏။ အနက်ရောင် ကိုယ်ကြပ်နှင့် ဂျင်းဘောင်းဘီ အပြာရောင်ကိုဝတ်ထားသည့် ဖူး ဖူးက ကျော့ကျော့ရှင်းရှင်းလေးလှနေသည်။ ဒါကို ဟိုကိုယ်တော်လေးက နောက်ကနေ မျက်တောင်မခတ် လိုက်ငေးနေသည်ကို သိင်္ဂ ီကောင်းကောင်းမြင်နေရသည်။
“နောက်ကျလိုက်တာ တီတီ ရယ်”
ကားထဲဝင်ထိုင်လိုက်ရင်း ဖူးဖူး ပြောသည်။ ကောင်လေးကို လှည့်ကြည့်မလား၊ နှုတ်ဆက်မလား သိင်္ဂီ စောင့်ကြည့်နေမိသည်။ ဖူးဖူး က ဟိုဖက်ကိုလုံးလုံးမလှည့် သိင်္ဂ ီ့ဆီသာကြည့်နေသည်ကို တွေ့တော့မှ စိတ်အေး သွားပြီး ကားကိုမောင်းထွက်လိုက်သည်။
“ပထမ ဦးလေးစိုးကြိုဖို့လေ၊ နောက်တော့ တီတီ လမ်းကြုံနေတာနဲ့ ဝင်ခဲ့မယ်လို့ လှမ်းပြောလိုက်တယ်၊ တီ တီ နဲနဲ နောက်ကျသွားတယ်”
“အားလုံးပြန်ကုန်ကြပြီ တီတီရဲ့”
ဒါဆို ဟိုကောင်လေးက တမင်စောင့်နေပေးတာဖြစ်မည်။ နောက်ဖက်မလှမ်းမကမ်းမှာ လမ်းလျှောက်လာနေ သည့် ၀၀တုတ်တုတ်ကောင်လေးကို သိင်္ဂီ မြင်သည်။ ဖူးဖူးတမင်ဖာသိဖာသာ လုပ်နေတာများလားဟု တွေးမိပြီး
“ဖူးဖူး နဲ့စကားပြောနေတာ ဘယ်သူလဲဟင်”
“အော် …ဒီကောင့် နာမည် ဇီနာတဲ့၊ ဟဲဟဲ”
“ပေါက်တီးပေါက်ရှာကွယ်၊”
“နာမည်ရင်းက ဇာနည် လေ၊ နောက်ခေါ်ကြရင်း ဇီနာ ဖြစ်သွားတာ”
“သမီးတို့ ကျူရှင်ကပဲလား”
“ဟုတ်”
“တီတီ ကြည့်နေတာကြာပြီ၊ သူက သမီးနားကပ်ပြီးတွတ်တွတ် တွတ်တွတ် နဲ့ဘာတွေပြောနေတာလဲ”
“စုံနေတာပါပဲ တီတီရယ်၊ ကျောင်းအကြောင်းတွေရော၊ ကျူရှင် အကြောင်း၊ ဘောလုံးပွဲ လောင်းတဲ့ အ ကြောင်း လဲပါသေးတယ်”
“တခြား အကြောင်း မပါဘူးလား။”
“အော် အင်း ..သူက လူသာနွဲ့ချင်တဲ့ အခါ နွဲ့နေတာ ဆယ်တန်းအောင်ရင် ရေကြောင်းတက်ပြီး သင်္ဘော လိုက်မလို့တဲ့”
“သင်္ဘော သားကတော့ စိတ်ပျက်စရာပါ သမီးရယ်”
“ဟာ … သင်္ဘော အကြောင်းပြောလိုက်တာနဲ့ ဦးမျိုး ကို သတိရသွားပြီလား”
“ပေါက်ကရ ကွယ်”
“ဦးမျိုး ပထမအခွေ ထွက်တုန်းက အတန်းထဲက သူငယ်ချင်းတွေကပြောတယ်၊ နင့်ဦးလေး ပိုက်ဆံသိပ်ပေါ လားတဲ့”
ကိုမျိုးဆိုသည့် လူကို သိင်္ဂီ လက်ထပ်ဖြစ်တာ ကိုကို့စနက်ကြောင့်လို့ သွယ်ဝိုက်ပြီးယူဆလျှင်ရ နိုင်သည်။ ကိုကို က သိင်္ဂ ီ့ကို ဟိုကျော်မင်း ဆိုသည့် အင်မတန်လူတတ်ကြီး လုပ်ချင်သူနှင့် သဘောတူချင်သည်။ မမ ကလည်း ကိုကို့နှင့် တသဘောထဲရှိသည်။ မမက ဘာမှ မသိသူမို့ ထားပါတော့၊ ကိုကို ကတော့ ဟိုအရင် ထဲက သိင်္ဂ ီ့သဘောထားကို မရိပ်မိဘဲ မသိခဲ့ဘဲနေမည် မဟုတ်ပါ။ ဒါတောင်မှ သူ၏ မွေးစားညီ နှင့်သဘော တူချင်သေးသည်။ သိင်္ဂီ စိတ်ပေါက်ပေါက် နှင့် မေမေ့ဖက်က အမျိုးတွေစပ်ဟပ်လာသည့် ကိုမျိုး နှင့် ယူပစ် လိုက်သည်။
နိုင်ငံခြားသင်္ဘော အရာရှိဆိုသည့် ဂုဏ်ပုဒ်သည် သိင်္ဂ ီတို့ အသိုင်းအဝိုင်းမှာ မက်လောက်စရာသိပ်မရှိပါ။ အ ရာရာ ပြည့်စုံပြီးသည့် ဘဝမှာ ကိုမျိုးဝင်ငွေကို သိင်္ဂ ီမက်စရာမလိုပါ။
ကိုကို့ကို အရွဲ့တိုက်ချင်စိတ် တခုဖြင့် သာ ကိုမျိုးကိုလက်ထပ်ခဲ့သည်။ သိင်္ဂ ီ့ကို ငြိမ်ငြိမ်ဝပ်ဝပ် နေစေချင်သည့် မေမေ ကလည်း သိင်္ဂ ီမီးစိမ်းပြ သည် နှင့် မဆိုင်းမတွသဘောတူလက်ထပ်ပေးခဲ့သည်။ ကိုမျိုး၏ မိဘဆွေမျိုးအသိုင်းအဝိုင်းကလည်း ငြင်းစရာ မရှိတာကြောင့်လည်းပါသည်။အစပိုင်းမှာတော့ သိပ်မဆိုးပါလားဟု သိင်္ဂ ီတွေးခဲ့မိသည်။ ကိုမျိုးကတနှစ်မှာ ကိုးလလောက် သင်္ဘောပေါ် မှာ ရှိနေတတ်သူဖြစ်ရာ သူမရှိသည့် အချိန်တွေမှာ သိင်္ဂီ အပျိုသဖွယ် လွတ်လပ်စွာသွားလာနေထိုင် လို့ ရ သည် မဟုတ်ပါလား။
ကိုမျိုး ဂီတ ဝါသနာပါသည်ကို သိင်္ဂ ီအရင်ထဲကသိခဲ့ပါသည်။ သင်္ဘော က ပြန်လာသည့် အချိန်မှာလည်း သီချင်းခွေတွေဝယ်လာပြီး အားတိုင်းနားထောင်နေတာကိုလည်း စိတ်အနှောက်အယှက်မဖြစ်ပါ။ သူများတွေလို ပြန်လာသည့် အချိန်တွေမှာ ဟိုဒီသွားလာသောက်စားနေခြင်းမျိုးမရှိ၍ သဘောတောင်ကျခဲ့သေးသည်။ နောက်တော့ ဘယ်သူက မြှောက်ပေးလိုက်သည် မသိ သင်္ဘော မလိုက်တော့ဘဲ ဂီတလောကသို့သာ ခြေစုံ ပစ်ဝင်တော့မည် ဆိုလာပြန်သည်တွင်လည်း နားလည်ပေးခဲ့သည်။
ကိုမျိုး၏ ပတ်ဝန်းကျင်အသစ်ကလည်း သိင်္ဂ ီ့အတွက်အခက်အခဲမရှိပါ။ သိင်္ဂ ီ့၏ အလှနှင့် ဓနကြောင့် ဝင်ဆံ့ သည့်နေရာဖြစ်သည်။ ကိုမျိုးကတော့ မအောင်မြင်ရှာပါ။ နှစ်နှစ်အတွင်း စီးရီးသုံးခွေထုတ်ခဲ့ရာ တခုမှ မ အောင်မြင်။သူရှာသည့် ပိုက်ဆံသူလုပ်ချင်ရာလုပ်သည်ကို သိင်္ဂ ီ့အနေဖြင့် ပြောစရာဘာတခုမှမရှိ။ ထို့ကြောင့် အသာကြည့်နေခဲ့သည်။
အနုပညာလောကမှာ ကျင်လည်ရင်း ကိုမျိုး အသောက်အစားသာမက မူးယစ်ဆေးဝါးနှင့် လူမှုရေးအရှုပ်တွေပါ လုပ်လာသည်အထိ သိင်္ဂီ ခွင့်လွှတ်စောင့်ကြည့်ခဲ့သည်။ စီးရီးသုံးခွေ မအောင်မြင် သည့် နောက်တွင် နိုင်ငံခြားမှာ သွားနေပါတော့မည် လုပ်လာတော့မှ သိင်္ဂ ီလုံး၀ သည်းမခံ နိုင်တော့ပါ။ သင်္ဘော လိုက်ရင်း ကမ ္ဘာ ပတ်လာသူအနေဖြင့် နိုင်ငံရပ်ခြားဆိုတာ မထူးဆန်းပါ။
သီချင်းတွေ မအောင်မြင်၍ ရှက်ပြီးသွားချင်သည်ဆိုလျှင်လည်း သွားစရာမလို၊ မအောင်မြင်မချင်း သိင်္ဂ ီ နောက်ကနေ ငွေကြေးပံ့ပိုးပေးမည် ဆိုတော့လည်း ရှက်လို့ မဟုတ်ပြန်။တခြားအဆိုတော်တွေ အနုပညာ သမားတွေ သွားနေကြသည်ကို အားကျပြီးသူလည်း အဆိုတော် ပီသအောင်သွားချင်တာမျိုး ဖြစ်နေသည့် အခါ သိင်္ဂ ီလုံး၀ စိတ်ကုန်သွားသည်။
မူးယစ်ဆေး သားကောင် ဖြစ်ပြီး အတွေးအခေါ် ပုံမှန်မရှိတော့သူ တ ယောက်နှင့် ဆက်ပြီးစခန်း မသွားလိုတော့၍ ဇာတ်လမ်းပြတ်ခဲ့သည်။အခုတော့ ဖူးဖူးကို ချဉ်းကပ်နေသည့် ကောင်လေးကလည်းသင်္ဘော လိုက်မည်တဲ့။ သိင်္ဂီ ပြုံးရမလိုမဲ့ရမလိုလို မဲ့ရမလိုလိုပင်။ ဂီတ ကိုဝါသနာပါသေးသလားဟု မေးရန်ကောင်းမလားပင် စဉ်းစားလိုက်မိသေးသည်။
“သူက သမီးနားကို အတင်းကပ်နေတော့ တီတီ စိတ်ထဲ တမျိုးဖြစ်သွားတာပေါ့”
ပြောသင့်သည်ဟု ထင်ပြီး သိင်္ဂီ က သူမ၏စိုးရိမ်မှုကို ထုတ်ပြောလိုက်သည်။
“တီတီရယ်၊ ဒီဖက်တီးပုတ် ကိုများ အရေးစိုက်လို့၊ သူက တခါတခါ နွဲ့သလိုလိုနဲ့ ဘယ်လိုလဲတော့ မသိဘူး၊
အဲဒီလိုကျရင် သမီးတို့က မာမီဇီနာ လို့ခေါ်တာ”
စိတ်လိုလက်ရပြောနေသည့် ဖူးဖူး မျက်နှာလေးက အပြစ်ကင်းနေသည်ဟု သိင်္ဂ ီထင်မိပါသည်။ ဖူးဖူး ပုံစံ ကို ကြည့်ရသည်မှာ စိတ်ကစားနေသည့် အသွင်အပြင်မျိုးမဟုတ်။ ဒါပေမယ့် သိင်္ဂ ီစိုးရိမ်စိတ်တော့ မလျော့ကျ သေးပါ။ ကိုယ့်တူမ လှမှန်းလည်းသိနေသည်။ ဒီဇာနည် ဆိုသည့် ဝတုတ်လေး သာမက တခြားစိတ်ဝင်စား သည့် ယောက်ျားလေး လည်းရှိနေနိုင်မှာ မလွဲပေ။
ဖူးဖူး ကိုကြည့်ရင်း သိင်္ဂ ီ့စိတ်က အတိတ်ဆီလှစ်ကနဲ ပြန်ရောက်သွားသည်။ ကိုကို နှင့် သိင်္ဂ ီစတွေ့တုန်းက လည်း သိင်္ဂ ီက ဖူးဖူး အရွယ်ပင်။ ဒီအရွယ်လေး နှင့်ပင် ကိုကို့ကို ရင်နင့်အောင်ချစ်မိခဲ့သည်။ စိတ်လှုပ်ရှားစ အရွယ် မှာ အချစ်ကိုတန်းတွေ့ခဲ့ရလို့ သိင်္ဂ ီတခြားယောက်ျားလေးတွေကို ဘယ်လိုမှရင်ခုန် လို့မရတာ ဒီအရွယ် လောက်ကထဲကပင်။
“ဒါပေမယ့် သိလားတီတီ၊ ဇာနည် နဲ့တွဲတဲ့ ဖိုးသက်ကတော့ သမီးသူငယ်ချင်း ယမုံ့ကို လိုက်နေတယ် ဟီး ဟီး”
ယမုံ ဆိုသည့်ကလေးမကို သိင်္ဂ ီ တကြိမ်နှစ်ကြိမ်လောက်မြင်ဖူးသည်။ ချစ်စရာကလေးမလေး တယောက် ဖြစ်ပါ၏။ ဒီအရွယ် ဒီလို လုပ်စရာလား ဟုပြောလိုက်ချင်သော်လည်း ကိုယ့်လိပ်ပြာကိုယ်မလုံ သည့်အတွက် မပြောဖြစ်တော့။
“ဖူးဖူး ကိုရော ကောင်လေးတွေ မလိုက်ကြဘူးလား”
“ဟာ ..တီတီ ကလဲ”
ဖူးဖူး ရှက်သွားသည်။
“တီတီ ဆူမလို့ မဟုတ်ဘူး၊ သိချင်လို့မေးတာ၊”
“ရှိတော့ ရှိတယ်၊ ဒါပေမယ့် ဒီကောင်တွေကို စိတ်မဝင်စားပါဘူး၊ အလုပ်ရှုပ်ခံနေကြတာ”
ဖူးဖူး တကယ်ပြောနေသည်ဟု သိင်္ဂီ ထင်မိပါသည်။ ဒါကလည်း တကယ်မချစ်တတ်သေးလို့ ဖြစ်မည်။ တ ကယ်သာ လူတယောက်ကို ချစ်မိပြီဆိုလျှင် ဒီလိုသဘောထား တော့မည် မဟုတ်ပါ။ သိင်္ဂ ီ့ အမေး ကိုလည်း ဝေ့လည်ကြောင်ပတ်ဖြေမည်သာ ဖြစ်သည်။
“သမီး ကလည်း ရည်းစားထားဖို့ မအားဘူးလေ၊ မေမေ မွေးရင် မောင်လေးထိန်းရဦးမှာ၊ ဟီး ဟီး”
“ကလေးထိန်း ငှားမှာပေါ့၊ အိမ်မှာလည်း ကောင်မလေး တွေပြည့်လို့”
“ပြောလို့ရတာ မဟုတ်ဘူးတီတီ ရဲ့၊ ကလေးကို လက်လွှတ်လို့ နည်းနည်းရတာနဲ့ တရားစခန်း ပြန်ရောက်ချင် ရောက်ဦးမှာ”
ဖူးဖူး ထင်မည်ဆိုလည်းထင်လောက်သည်။ မမက ပြောလို့ရတာမဟုတ်။ ဒီကိုယ်ဝန် ရှိပြီးနောက်ပိုင်း မှာ အရင်ကထက် စိတ်မြန်ကိုယ်မြန်ရှိသည်။ စိတ်နောက်ကိုယ်ပါလုပ်လွန်းသည်။ကိုကိုကတော့ မွေးမည့် ကလေး ၏ ဗီဇကို ကြိုပြနေခြင်းဟုထင်သည်။ သိင်္ဂီ ကတော့ဒီလိုမထင်ပါ။ ငယ်စဉ်ကထဲက အတူတူကြီးပြင်း ခဲ့သည့် မမ၏ စိတ်နေစိတ်ထားက ဒီလိုသာဖြစ်ကြောင်းသိနေ၏။
“ပြန်သွားမယ်လို့တော့ တီတီ မထင်ပါဘူး၊ သူ့အတွက်လည်း တရားဆောင် သေသေချာချာ လုပ်ပေးထားပြီး ပြီပဲ”
“ဒီလိုပဲ မျှော်လင့်ရတာပဲလေ”
လူကြီးသူမ ဟန်ပန်ဖြင့် မှတ်ချက်ပြုသော ဖူးဖူးကိုကြည့်ရင်း သိင်္ဂီ ပြုံးမိသည်။ မမ၏ တရားဆောင်အတွက် ကိုကို ငွေတွေသောက်သောက်လဲ ကုန်ခဲ့သည်။ တကယ်ကုန်သင့် သည်ထက် နှစ်ဆလောက်ရှိမည် ဟုကိုကို ပြော၏။ ကြီးကျယ်ခန်းနားလွန်း၍ မဟုတ်ပါ။ အမြန်ဆုံးပြီးချင်လို့ အတင်းတွန်းလုပ်ရာမှ စားရိတ်တွေတက် ကုန်ခြင်းသာဖြစ်သည်။
ဒီအတွက် ကိုကို နှမျောပုံမရသလို သိင်္ဂီ လည်း မနှမျောမိပါ။ မမစိတ်ကျေနပ်ပြီး အား လုံး အေးအေးချမ်းချမ်း ဖြစ်စေဖို့သာ မျှော်လင့်ပါ၏။ ကိုကိုလည်း ဒီလိုပဲ တွေးပုံရပါသည်။
“ဟိုမှာ ခြံထဲမှာ လမ်းလျှောက်နေတယ်”
ဖူးဖူး ညွှန်ပြရာ ကိုကြည့်လိုက်ရာ ဗိုက်ဖုံးအင်္ကျ ီအဖြူနှင့် ယောဂီရောင် ထမိန်ဝတ်ထားသော မမ သူမ၏ ခြံတွင်း မှာ စင်္ကြ ံလျှောက်နေသည်ကို တွေ့ရသည်။ ခြေလှမ်းခပ်မှန်မှန်နှင့် တရားမှတ်နေပုံရသည်။ မမ ဗိုက် ကလည်း တော်တော်ကြီးကို ပူထွက်နေပြီဖြစ်သည်။
“မေမေ့ ဆီသွားမှာလဲ”
“အင်္ကျ ီလဲဦးမယ်၊ တော်ကြာ ဘောင်းဘီအကျပ် ဝတ်လို့ဆိုပြီး ပွမ်နေဦးမယ်”
“တီတီတော့ ခန နားပြီးမှ လာခဲ့တော့မယ်၊ ရေချိုးချင်လည်း ချိုးမယ်၊ အေးအေး ဆေးဆေးပေါ့”
အိမ်ရှေ့မှာ ကိုကို့ကားကိုမတွေ့ရ။ ပြန်ရောက်မလာသေးပဲ ဘယ်ကို သဝေထိုးနေပြန်သည် မသိပါ။ မမ ပြန် ရောက်လာစက နည်းနည်း ဆင်ခြင်သော်လည်း ဟိုဖက်ကို မမပြောင်းသွားပြီးကထဲက ကိုကို အရင်လိုပင် သွားချင်ရာသွား ပြန်ချင်တဲ့ အချိန်ပြန် နှင့် လုပ်နေပြန်သည်။ သိင်္ဂီ လည်း တားဖို့ကို ဘယ်လိုတားရမှန်း မသိ လို့ ဒီအတိုင်းပဲ ထားလိုက်ပါသည်။
ကိုကို ဒီလိုပြန်လုပ်နေတာ သိင်္ဂ ီ့ အပြစ်လည်း မကင်းလို့ ခံစားရမိတာ ကြောင့်လည်း ဖြစ်သည်။ မွေးချင်းညီအမ နှစ်ယောက်သာရှိလို့ သိင်္ဂီ မမ ကိုချစ်ပါသည်။ မမလည်း ဒီလိုပဲဟု ထင်မိပါသည်။ ဒါပေမယ့် အချိုးအစား အညီအမျှမပေးတတ်သည့် လောကကြီးကြောင့် မမက သိင်္ဂ ီ့ထက်အရာရာကိုပိုရသည် ဟု ခံစား မိသည်။ သိင်္ဂီ ကိုကို့ ကို ချစ်သည်။ ပိုင်ဆိုင်ချင်သည်။ သို့သော် ကံကြမ္မာ နှင့် ကိုကိုက မမကိုပဲရွေးချယ်ခဲ့ သည်။ သိင်္ဂီ ကိုကို့ကို ပိုင်ဆိုင်ခွင့်မရခဲ့ပါ။
အခုလည်း ကိုကို့ကို ပိုင်သည်ဟု မဆိုနိုင်သော်လည်း ဆိုင်သင့်သလောက်ဆိုင်သည့် အခြေအနေတခု ကို သိင်္ဂီ ရခဲ့ပြန်သည်။ ကိုကိုနှင့် သိင်္ဂီ ၏ ရင်ကဖြစ်သော ကလေးတယောက်ကို မွေးချင်စိတ်ကို သိင်္ဂ ီမနည်းချိုး နှိမ်ဖြေဖျောက်နေရချိန် မှာ မမကျတော့ လွယ်ကူစွာပင်ကိုယ်ဝန်ဆောင်ခွင့်ရခဲ့၏။ မနာလိုစိတ်ဖြစ်မိသည်ဟုသိင်္ဂီ ရိုးရှင်းစွာပင်ဝန်ခံရဲပါသည်။
ဒါပေမယ့် ထိုမနာလိုစိတ်သည် မမကိုချစ်သော သိင်္ဂ ီ့ အချစ်နှင့် ဘယ်လို မှ မသက်ဆိုင်ဘဲ သတ်သတ်စီဖြစ်သည့် မိန်းမတယောက်၏ ပင်ကိုယ်စိတ်သာဖြစ်ပါ၏။ ကိုကို နှင့် သိင်္ဂီ ကမမ အတွက်သာဦးစားပေး စဉ်းစားနေရခြင်းကိုလည်း ဝမ်းနည်းရသည်။ ကိုကို နှင့် မမ က သိင်္ဂ ီ့အတွက် ဘယ် လောက်အထိ စဉ်းစားနေရာ ပေးခဲ့လို့လဲဟုတွေးရင်း မျက်ရည်ဝဲရသည်။
အပိုင်း (၁၅) ဆက်ရန် >>>
No comments:
Post a Comment